ဧဒင်အချစ်ပုံပြင်: ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန် တောင်းဆိုသွားမည်

Saturday 29 September 2012

ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန် တောင်းဆိုသွားမည်

 
ပြည့်တန်ဆာလုပ်ငန်းများရားဝင်လုပ်ကိုင်ခွင့်မရသော မြန်မာနိုင်ငံတွင်  ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်
ငန်း)များတရားဝင်လုပ်ကိုင်ခွင့်ရရန်လွှတ်တော်အမတ်များထံတင်ပြတာင်းဆိုသွား မည် ဖြစ်ကြောင်း မြန်မာ
နိုင်ငံပြည့်တန်ဆာများကွန်ရက်(SexWorkerInMyanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်။“လူတွေလက်ခံလာမှကျွန်မတို့က တောင်းဆိုရ အဆင်ပြေမယ်လေ ။ မြန်မာ့ ယဉ်ကျေးမှု အရ မပေးမှာတော့ စိုးရိမ်တယ်”ဟု၎င်းကရှင်းပြသည်။မြန်မာနိုင်ငံတွင်ပြည့်တန်ဆာလုပ်ငန်းများတရားဝင်လုပ်ကိုင်ခွင့်မရ သော
ကြောင့်လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ထိန်းချုပ် ရာတွင်  ခက်ခဲပြီး ပြည့်တန်ဆာများ အတွက် လုံခြုံမှု ကင်းမဲ့ကာ နိုင်ငံသား အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း ၎င်းကဆို သည်။

“ကျွန်တော်တို့ လွှတ်တော် အမတ် တွေကို Advocacy (မူဝါဒ လျှောက်လဲ) လုပ်ဖို့ တခြား နိုင်ငံတွေနဲ့ ယှဉ်ပြီး သုတေသနလုပ်နေပါတယ်”ဟုမြန်မာနိုင်ငံပြည့်တန်ဆာများကွန်ရက်အား ထောက်ပံ့ နေသော ဗြိတိန်သံရုံးရှိ ပျိုးပင် အဖွဲ့မှ ဒေါက်တာမျိုးလွင်က ပြောပြသည်။

မြန်မာနိုင်ငံတွင်ပြည့်တန်ဆာလုပ်ငန်းများတရားဝင် လုပ်ခွင့် ရပါက လူမှုရေး အခက်အခဲကြောင့် ခိုးဝှက်လုပ် ကိုင်နေရသူများနှင့်အသက်ကြီးပိုင်းပြည့်တန်ဆာများအခက်အခဲတွေ့သည်မျိုးလည်းဖြစ် လာနိုင်ကြောင်း
 ဒေါ်နှင်းနှ င်း ယုက ပြောကြားသည်။

မြန်မာနိုင်ငံတွင်ပြည့်တန်ဆာလုပ်ကိုင်ခွင့်ကို‘ပြည့်တန်ဆာပ်ကွပ် ရေးဥပဒေ’ အရ လုပ်ကိုင်ခွင့် မရှိကြောင်း၊ ယခုတာင်းဆိုမှုမှာ ယင်းဥပဒေကို ပယ် ဖျက်၍ လုပ်ကိုင်ခွင့် ပြုပေးရန် တောင်း ဆိုသည်မျိုး ဖြစ်နိုင်ကြောင်း၊ အခြားနိုင်ငံများတွင် ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင်ခွင့် ပြုသော်လည်း မြန်မာ့ယဉ်ကျေးမှု ဓလေ့အရမူ အံမဝင်သည့်အနေအထားဖြစ်ကြောင်း၊မြန်မာနိုင်ငံတွင်ယခင် ဒီမိုကရေစီ စနစ် ကျင့်သုံးစဉ်ကလည်း ခွင့်ပြုသည်ကို မတွေ့ရကြောင်း၊ 
 
သို့သော် လိင်လုပ်သားများ အနေနှင့်မူ ၎င်းတို့၏အခွင့်အရေးကို တောင်းဆို နိုင်ကြောင်း၊ ခွင့်ပြု၊ မပြုကိုမူ ဥပဒေပြု အာဏာပိုင်း က စဉ်းစားရမည့် ကိစ္စဖြစ်ကြောင်း တရား လွှတ်တော် ရှေ့နေ ဦးကိုနီက ရှင်းပြသည်။

“ကျွန်တော့် ထင်မြင်ချက် အရတော့ မြန်မာ့ ယဉ်ကျေးမှု ဓလေ့အရ အံမဝင်နိုင် သလို တစ်ဖက်ကလည်း သူတို့ရဲ့ အခွင့် အရေးဖြစ်နေတော့ ဥပဒေပြု အာဏာပိုင် တွေဘက်က ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား ရမယ်။ အမြော်အမြင် ကြီးကြီးနဲ့ လုပ် ဆောင်ရမယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံ ပြည့်တန်ဆာများ ကွန် ရက် (SWIM Network) ကို ၂၀၀၉ ခုနှစ် တွင် စတင် တည်ထောင်ပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၂၃ရက် နေ့တွင် အတည်ပြု ဖွဲ့စည်းကာ အဖွဲ့ဝင် ၇၀၀ ဦးရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
 
  The Voice Weekly 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...