ဧဒင်အချစ်ပုံပြင်: သဲ၊ကျောက်စရစ်တင်ကားတစ်စီး အရှိန်လွန်ကာ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးရှိ အဆောက်အဦးအချို့အား တိုက်မှုဖြစ်ပွား

Saturday 1 December 2012

သဲ၊ကျောက်စရစ်တင်ကားတစ်စီး အရှိန်လွန်ကာ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးရှိ အဆောက်အဦးအချို့အား တိုက်မှုဖြစ်ပွား

thn-1-12-1
ရွှေအင်ကြင်းရိပ်မွန်အိမ်ရာရှိ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးတို့အား အုတ်၊သဲ၊ကျောက်စရစ်တင် ကားတစ်စီးမှ ၀င်ရောက်တိုက်မှုအား တွေ့ရစဉ်

သဲ၊ကျောက်စရစ်တင် ကားတစ်စီး အရှိန်လွန်ကာ အုတ်တံတိုင်းနှင့် ယာဉ်ထိန်းရဲရုံးရှိ အဆောက်အဦးအချို့အား ၀င်ရောက်တိုက်မှု ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည်၁ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်မှာ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ သံသုမာမီးပွိုင့်အတိုင်း မောင်းနှင်းလာသော  သဲ၊ကျောက်၊စရစ်တင် ကားတစ်စီးမှာ မီးပွိုင့်စိမ်းနေသဖြင့် အရှိန်ဖြင့်မောင်းနှင်မှု ပြုလုပ်ခဲ့ကြောင်း၊သို့သော် မီးပွိုင့်ကျော်ဖြတ်မည့်အချိန်
တွင် မီးဝါသွားပြီး အရှိန်အား ထိန်းနိုင်ခဲ့ခြင်း မရှိတော့ကြောင်း၊

ထို့ကြောင့် ယင်းကားမှာ ဝေဇယန္တာလမ်း ကွေ့ကြော ဘက်သို့ယူပြီး ရှောင်တိမ်းမှုပြုလုပ်ခဲ့သော်လည်း အရှိန်လွန်
ကာ ပလတ်ဖောင်းပေါ် ကျော်တက်သွားပြီး သံသုမာ၊ဝေဇယန္တာ ယာဉ်ထိန်းရဲရုံးရှိ ခေါင်းမိုးအချို့နှင့် ရွှေအင်ကြင်း
ရိပ်မွန်ရှိ အုတ်တံတိုင်းအချို့အား ၀င်ရောက်တိုက်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...