အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (ဒီဇင်ဘာလ ၈ရက်) အမျိုးသားနေ့တွင် မကွေးတိုင်းဒေသကြီးရှိ နတ်မောက်မြို့သို့ သွားရောက်နေပါသည်။
နတ်မောက်သို့ မရောက်ရှိမီ နံနက်ပိုင်း ၈ နာရီခန့်အချိန်တွင်
တောင်တွင်းကြီးမြို့နယ် ဆတ်သွား ဘောလုံးကွင်းသို့ ရောက်ရှိခဲ့ပြီး
၂၅ မိနစ်ကြာ မိန့်ခွန်းပြောကြားမှု တစ်ရပ် ပြုလုပ်ခဲ့သည်။ ထိုမိန့်ခွန်းတွင် အမျိုးသား ရင်ကြားစေ့ရေး ၌ တပ်မတော် ပါဝင်လာမည်ဟု
ယုံကြည်ကြောင်း
အချက်ကို ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိအချိန်တွင်
တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်တင်
ဖွင့်ပွဲသို့ တက်ရောက်လျက် ရှိနေပြီး အောင်ဆန်းစိတ်ဓာတ် ထားရှိရန်
လိုအပ်ကြောင်း မိန့်ခွန်းပြောကြားလျက်ရှိနေပါသ ည်။
ဒေါ်အောင်ဆန်းစုကြည်သည် တောင်တွင်းကြီးမှ မြို့သစ်၊ ထိုမှတစ်ဆင့် မကွေး နတ်မောက်သို့ ဆက်လက် သွားရောက်မည်ဟု သိရသည်။\
ဒေါ်အောင်ဆန်းစုကြည်သည် တောင်တွင်းကြီးမှ မြို့သစ်၊ ထိုမှတစ်ဆင့် မကွေး နတ်မောက်သို့ ဆက်လက် သွားရောက်မည်ဟု သိရသည်။\
No comments:
Post a Comment