ဧဒင်အချစ်ပုံပြင်: ချင်းမိုင် မြန်မာကျောင်းဆရာတော်ရဲ့ ဈာပန ကျင်းပတော့မည်

Friday 7 December 2012

ချင်းမိုင် မြန်မာကျောင်းဆရာတော်ရဲ့ ဈာပန ကျင်းပတော့မည်

ငြိမ်းဇော် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းက ပျံလွန်တော်မူ သွားပြီးဖြစ် တဲ့ ကျောင်းထိုင် မြန်မာဆရာတော်ကြီး ဦးအာသဖ ဈပနအခမ်းအနားအတွက် သောကြာနေ့က အစည်း အဝေး ကျင်းပခဲ့ကြပါတယ်။ 


 ပျံလွန်တော်မှုသွားပြီးဖြစ်တဲ့ ကျောင်းထိုင် မြန်မာဆရာတော်ကြီး ဦးအာသဖ (သက်တော် ၉၁နှစ်၊ ၀ါတော် ၇၀)၊ ဓာတ်ပုံ- ငြိမ်းဇော်/ဧရာဝတီ

ဒီအစည်းအဝေးကို ဘန်ကောက်မြန်မာသံရုံးက သံမှူးကြီးဦးမျိုးတင့်၊ သံရုံးတာဝန်ခံ ကိုအောင်စိုး၊ ဘန်ကောက် ချူလာလောင်ကွန်း တက္ကသိုလ်က သံဃာတော်တွေကို စာပို့ချနေတဲ့ ဆရာတော် ဦးကောဏ္ဍည နဲ့ ၀ပ်ဆိုင်းမွန်းကျောင်းမှာ လက်ရှိသီတင်းသုံးနေကြတဲ့ သံဃာတော်တွေ၊ ကျောင်းဂေါပက အဖွဲ့ဝင်တွေ နဲ့ ထိုင်းကျောင်းတာဝန်ခံတွေ တက်ရောက်ခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့နှစ် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရကက် ပျံလွန်တော်မှုသွားတဲ့ ကျောင်းထိုင် ဆရာတော် ဦးအာသဖ (သက်တော် ၉၁နှစ်၊ ၀ါတော် ၇၀) ဈာပနကို ၂၀၁၃ မတ်လ ၅ ရက်ကနေ ၁၁ ရက် အတွင်း ပြုလုပ်မယ်လို့ ယာယီ သတ်မှတ်ခဲ့ကြပါတယ်။ 

ဆရာတော် ဦးအာသဖရဲ့ ဈာပနကို ဘန်ကောက်မြန်မာသံရုံးအပါအဝင် ချင်းမိုင်ရောက် မြန်မာတွေက တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 

ဈာပန ပြင်ဆင်ချိန် ၂ လကျော်သာရရှိတဲ့အတွက် အခန်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ အခုက တည်း ပြင်ဆင်နေကြသလို အလှူငွေထည့်ဝင်ဖို့ကို ပွဲကျင်းပရေးကော်ပတီက နိုးဆော်ထားပါတယ်။ 

ဆရာတော်ကြီးရဲ့ ဈပနပြီးသွားရင်တော့ ဝပ်ဆိုင်းမွန်းကျောင်းမှာ မြန်မာကျောင်းထိုင်ဆရာတော် ရရှိရေး အတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ မြန်မာသံမှူး ဦးမျိုးတင့်က အစည်းအဝေးမှာ ပြောကြားလိုက် ပါတယ်။ 

 ဘန်ကောက်မြန်မာသံမှူးကြီး ဦးမျိုးတင့် 

ထိုင်းကျောင်းတာဝန်ခံများ 
 သံမှူးကြီးနဲ့ ကျောင်းဂေါပကအဖွဲ့ဝင်များ 


ချင်းမိုင် ကျောင်းထိုင် မြန်မာဆရာတော်ကြီး ဦးအာသဖ ဈာပနအခမ်းအနားအတွက် အလှူငွေပေးလိုပါက ချင်းမိုင်၊ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်းသို့ တိုက်ရိုက်ပေးပို့နိုင်ကြောင်း၊ 


ရပ်ဝေးနေသူများလည်း အောက်ပါဖုံးနံပါတ်များမှလည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ 

မမီမီး - 08 1884 3103 

ကိုစိုးဝင်း - 08 3944 3117 

ဒေါ်မြင့် - 08 95545 132 
by- .irrawaddy.org

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...