ဧဒင်အချစ်ပုံပြင်: အိမ်ခန်းပေါင်း ၁၀၀၀၀ အထိပါဝင်မည့် အိမ်ရာစီမံကိန်းနှစ်ခုအတွက် တည်ဆောက်လိုသည့် ကုမ္ပဏီများကို မကြာမီတင်ဒါခေါ်မည်

Saturday 8 December 2012

အိမ်ခန်းပေါင်း ၁၀၀၀၀ အထိပါဝင်မည့် အိမ်ရာစီမံကိန်းနှစ်ခုအတွက် တည်ဆောက်လိုသည့် ကုမ္ပဏီများကို မကြာမီတင်ဒါခေါ်မည်

thn-9-12-4
ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပသည့် အိမ်ရာဖွံ့ဖြိုးမှုဆိုင်ရာ ဆွေးနွေးပွဲကို တွေ့ရစဉ်
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း အိပ်ခန်းပေါင်း ၁၀၀၀၀ အထိ ပါဝင်မည့် အိမ်ရာစီမံကိန်းနှစ်ခုအတွက် တည်ဆောက်လိုသည့် ကုမ္ပဏီများကို မကြာမီ တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါအိမ်ရာစီမံကိန်းမှာ  ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းများဖြစ်ပြီး တင်ဒါခေါ်ယူရာတွင် သတ်မှတ်ချက် ၁၄ ချက် ပါဝင်မည်ဖြစ်ကြောင်းနှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် လုပ်ဆောင်နိုင်မည့် ကုမ္ပဏီများကိုသာ လုပ်ကိုင်ခွင့် ချထားပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
''ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက ဧရာဝဏ်နဲ့ ရတနာအိမ်ရာစီမံကိန်းတွေအတွက် တင်ဒါကို ဒီလထဲမှာ ခေါ်ယူသွားဖို့ရှိပါတယ်။ တင်ဒါခေါ်ယူရာမှာ သတ်မှတ်ချက် ၁၄ ချက် ပါဝင်ပါတယ်။ ဒီ ၁၄ ချက်နဲ့ ကိုက်ညီမှသာ လုပ်ကိုင်ခွင့်ပြုသွားမှာပါ။
လုပ်ကိုင်ခွင့်ရရှိတဲ့သူအနေနဲ့ ပြည်တွင်းလုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ ပြည်ပကုမ္ပဏီတစ်ခုခုနဲ့ ပူးပေါင်းဆောင်ရွက်တာပဲ ဖြစ်ဖြစ်ရတယ်။ ဒါပေမယ့် CQHP (အထပ်မြင့်အ ဆောက်အအုံများ အရည်အသွေးစစ်ဆေးရေးအဖွဲ့)ရဲ့ စစ်ဆေးချက်တွေနဲ့ ကိုက်ညီမှသာ လုပ်ကိုင်ခွင့်ပြုသွားမှာပါ''ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၂၀၀၀၀ ကျော်ကို အသုတ်များခွဲကာ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။
''တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ဖို့အတွက် မြေယာတွေရှာ ဖွေဖော်ထုတ်ပြီး နိုင်ငံတော်အစိုးရရဲ့မတည်ငွေနဲ့ တိုက်ရိုက်သော်လည်းကောင်း၊ အိမ်ရာစီမံကိန်းနဲ့ ဘဏ္ဍာရေးစနစ် ချမှတ်၍ အတိုးနှုန်းသက်သာတဲ့ နှစ်ရှည်ချေးငွေကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ရယူပြီးတော့ ဆောက်လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေ လုပ်ပေးနိုင်ရန် အဆင်ပြေမှာပါ''ဟု အောက်တိုဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
'' ဒဂုံဆိပ်ကမ်းက အိမ်ရာနှစ်ခုမှာ ၀င်ငွေနည်း မိသားစုတွေ၊၀င်ငွေအလယ်အလတ်နဲ့ တတ်နိုင်တဲ့သူတွေ လိုချင်တဲ့အိမ်မျိုးတွေ သုံးမျိုးလောက်ခွဲပြီး တည်ဆောက်သွားမှာပါ''ဟု အိုးအိမ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
by- news-eleven.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...