ဧဒင်အချစ်ပုံပြင်: ရန်ကုန်အသင်း လေ့ကျင့်ရေးကွင်းတွင် အာရုံခံ စနစ်သုံး ခေတ်မှီစက်ပစ္စည်း တစ်မျိုး အသုံးပြု

Saturday 8 December 2012

ရန်ကုန်အသင်း လေ့ကျင့်ရေးကွင်းတွင် အာရုံခံ စနစ်သုံး ခေတ်မှီစက်ပစ္စည်း တစ်မျိုး အသုံးပြု

(((ရန်ကုန်အသင်း လေ့ကျင့်ရေးကွင်းတွင် အာရုံခံ စနစ်သုံး ခေတ်မှီစက်ပစ္စည်း တစ်မျိုး အသုံးပြုခဲ့)))
Saturday, 08 December 2012

ယနေ့ ပြုလုပ်သော ရန်ကုန်ယူနိုက်တက် အသင်း၏ လေ့ကျင့်ရေး အစီအစဉ်တွင် ခေတ်မှီ အာရုံခံ စနစ်သုံး GP Sports စက်ပစ္စည်းတစ်မျိုး အသုံးပြုခဲ့ပြီး ထိုပစ္စည်းသည် ကစားသမား တစ်ဦးချင်း၏ ကွင်းတွင်း စွမ်းဆောင်ရည်ကို အတိအကျ အဖြေထုတ် ပေးနိုင်သည်ဟု သိရသည်။

အာရုံခံ စနစ်သုံး GP Sports နှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက် အသင်း ကြံ့ခိုင်ရေး နည်းပြ ကိုင်ရိုက “ဒီစက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက် ထားပါတယ်။ သူရဲ့ အာရုံခံ စနစ်က ကွင်းတွင်းမှာ လေ့ကျင့်နေတဲ့ ကစားသမားတွေရဲ့ တစ်ဦးချင်း ထိချက်တွေ၊ လုပ်အားနှုန်းတွေ၊ ကစားသမားတွေ ပြေးနေတဲ့ အရှိန်အဟုန်တွေကို အတိအကျ အဖြေထုတ်ပေးတယ်” ဟု ဆိုခဲ့သည်။

ရန်ကုန် ယူနိုက်တက်အသင်း အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီကလည်း ခေတ်မှီ အာရုံခံ စနစ်သုံး စက်ကိရိယာကို အသုံးပြခြင်းကြောင်း ရန်ကုန်အသင်း ကစားသမားများ၏ တစ်ဦးချင်း လိုအပ်ချက်များကို သိရှိနိုင်မည် ဖြစ်ပြီး ထို အားနည်းချက်များကို
လေ့ကျင့်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ကစားသမား တစ်ဦးဖြစ်လာစေရန် ရည်ရွယ် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။

“ဒီစက်က လေ့ကျင့်ရေးကွင်းမှာ ဘယ်သူတွေ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ အဖြေထုတ် ပေးပါလိမ့်မယ်။ ထွက်လာတဲ့ အဖြေကို ကြည့်ပြီး တစ်ဦးချင်းရဲ့ အားနည်းချက်တွေကို ပြင်ဆင်နိုင်မယ် ဆိုရင် ပိုမို ကောင်းမွန်တဲ့ ကစားသမား တစ်ဦး ဖြစ်လာပါလိမ့်မယ်။ အရင်က ပြောခဲ့သလိုပါပဲ။ ရန်ကုန်အသင်းရဲ့ ရည်ရွယ်ချက်က
မြန်မာ့လက်ရွေးစင် အသင်းကို ပံ့ပိုးပေးဖို့ပါ။ လက်ရွေးစင် အသင်းအတွက် အရင်ကထက် စွမ်းဆောင်ရည် ပိုမြင့်တဲ့ ကစားသမားတွေကို
မွေးထုတ်ပေးနိုင်အောင် ကြိုးစားနေပါတယ်” ဟု ဦးဇွဲလှိုင်မှီက
ပြောကြားသည်။

Yangon United Football Club

အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News

ယနေ့ ပြုလုပ်သော ရန်ကုန်ယူနိုက်တက် အသင်း၏ လေ့ကျင့်ရေး အစီအစဉ်တွင် ခေတ်မှီ အာရုံခံ စနစ်သုံး GP Sports စက်ပစ္စည်းတစ်မျိုး အသုံးပြုခဲ့ပြီး ထိုပစ္စည်းသည် ကစားသမား တစ်ဦးချင်း၏ ကွင်းတွင်း စွမ်းဆောင်ရည်ကို အတိအကျ အဖြေထုတ် ပေးနိုင်သည်ဟု သိရသည်။
အာရုံခံ စနစ်သုံး GP Sports နှင့် ပတ်သက်၍ ရန်ကုန်ယူနိုက်တက် အသင်း ကြံ့ခိုင်ရေး နည်းပြ ကိုင်ရိုက “ဒီစက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက် ထားပါတယ်။ သူရဲ့ အာရုံခံ စနစ်က ကွင်းတွင်းမှာ လေ့ကျင့်နေတဲ့ ကစားသမားတွေရဲ့ တစ်ဦးချင်း ထိချက်တွေ၊ လုပ်အားနှုန်းတွေ၊ ကစားသမားတွေ ပြေးနေတဲ့ အရှိန်အဟုန်တွေကို အတိအကျ အဖြေထုတ်ပေးတယ်” ဟု ဆိုခဲ့သည်။
ရန်ကုန် ယူနိုက်တက်အသင်း အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီကလည်း ခေတ်မှီ အာရုံခံ စနစ်သုံး စက်ကိရိယာကို အသုံးပြ
ခင်းကြောင်း ရန်ကုန်အသင်း ကစားသမားများ၏ တစ်ဦးချင်း လိုအပ်ချက်များကို သိရှိနိုင်မည် ဖြစ်ပြီး ထို အားနည်းချက်များကို
လေ့ကျင့်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ကစားသမား တစ်ဦးဖြစ်လာစေရန် ရည်ရွယ် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ဆိုခဲ့သည်။

“ဒီစက်က လေ့ကျင့်ရေးကွင်းမှာ ဘယ်သူတွေ ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ အဖြေထုတ် ပေးပါလိမ့်မယ်။ ထွက်လာတဲ့ အဖြေ
ကို ကြည့်ပြီး တစ်ဦးချင်းရဲ့ အားနည်းချက်တွေကို ပြင်ဆင်နိုင်မယ် ဆိုရင် ပိုမို ကောင်းမွန်တဲ့ ကစားသမား တစ်ဦး ဖြစ်လာပါလိမ့်
မယ်။ အရင်က ပြောခဲ့သလိုပါပဲ။ ရန်ကုန်အသင်းရဲ့ ရည်ရွယ်ချက်ကမြန်မာ့လက်ရွေးစင် အသင်းကို ပံ့ပိုးပေးဖို့ပါ။ လက်ရွေးစင် အ
သင်းအတွက် အရင်ကထက် စွမ်းဆောင်ရည် ပိုမြင့်တဲ့ ကစားသမားတွေကိုမွေးထုတ်ပေးနိုင်အောင် ကြိုးစားနေပါတယ်” ဟု ဦးဇွဲ
လှိုင်မှီကပြောကြားသည်။
Yangon United Football Club

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...