ဧဒင်အချစ်ပုံပြင်: သံလွင်မြစ်၌စက်လှေတိမ်းမှောက်နစ်မြုပ်မှုဖြစ်

Saturday 8 December 2012

သံလွင်မြစ်၌စက်လှေတိမ်းမှောက်နစ်မြုပ်မှုဖြစ်

သံလွင်မြစ်၌စက်လှေတိမ်းမှောက်နစ်မြုပ်မှုဖြစ်
Saturday, 08 December 2012

၇-၁၂-၂၀၁၂ ရက်နေ့ ၀၇၄၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကျေးရွာနေ မြင့်ဇော်(၃၃)နှစ် မောင်းနှင်သည့် ဟွန်ဒါစက်တပ်လှေသည် ခရီးသည်(၉)ဦးနှင့် ဆိုင်ကယ်(၂)စီး တင်ဆောင်၍ သံလွင်မြစ်
ကြောင်းအတိုင်း မြိုင်ကျေးရွာမှလှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာဘက်သို့
မောင်းနှင်လာစဉ် လက်ပန်တန်းရွာအနီး မြစ်ကမ်းဘေးနှင့် (၂၅)ပေခန့်အကွာတွင် စက်လှေလူးသဖြင့် လှေပေါ်ပါသူများသည်
ကြောက်လှန့်၍ မငြိမ်မသက်ဖြစ်ရာမှ တိမ်းမှောက်နစ်မြုပ်ခဲ့သည်။ 

စက်လှေ နစ်မြုပ်မှုမှ ခရီးသည် (၉)ဦးအနက် (၇)ဦးအား ပြန်လည်ဆယ်ယူ
ရရှိခဲ့ပြီး ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက် နေ မနှင်းဖြူဖြူဆွေ(၂၃)နှစ်ပါ(၂)ဦး
ပျောက်ဆုံးနေ၍ ဆက်လက်ရှာဖွေခဲ့ကာ စက်လှေမောင်းသူ မြင့်ဇော် အား ဘားအံရဲစခန်း (ပ)၄၂၄/၂၀၁၂ ပြစ်မှုပုဒ်မ ၂၈၀/၃၀၄-ကဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် Facebook
ဓာတ်ပုံ - KRW

အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News

၇-၁၂-၂၀၁၂ ရက်နေ့ ၀၇၄၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကျေးရွာနေ မြင့်ဇော်(၃၃)နှစ်
မာင်းနှင်သည့် ဟွန်ဒါစက်တပ်လှေသည် ခရီးသည်(၉)ဦးနှင့် ဆိုင်ကယ်(၂)စီး တင်ဆောင်၍ သံလွင်မြစ်
ကြောင်းအတိုင်း မြိုင်ကျေးရွာမှလှိုင်းဘွဲ့မြို့
နယ် ရွှေဂွန်းကျေးရွာဘက်သို့မောင်းနှင်လာစဉ်လက်ပန်တန်းရွာ
အနီး မြစ်ကမ်းဘေးနှင့် (၂၅)ပေခန့်အကွာတွင် စက်လှေလူးသဖြင့် လှေပေါ်ပါသူများသည်ကြောက်လှန့်၍ 
မငြိမ်မသက်ဖြစ်ရာမှ တိမ်းမှောက်နစ်မြုပ်ခဲ့သည်။ စက်လှေ နစ်မြုပ်မှုမှ ခရီးသည် (၉)ဦးအနက် (၇)ဦးအား ပြန်လည်ဆယ်ယူရရှိခဲ့ပြီး ဘားအံမြို့၊ အမှတ်(၂)
ရပ်ကွက် နေ မနှင်းဖြူဖြူဆွေ(၂၃)နှစ်ပါ(၂)ဦးပျောက်ဆုံးနေ၍ ဆက်လက်ရှာဖွေခဲ့ကာ စက်လှေမောင်းသူ
 မြင့်ဇော် အား ဘားအံရဲစခန်း (ပ)၄၂၄/၂၀၁၂ ပြစ်မှုပုဒ်မ ၂၈၀/၃၀၄-ကဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်
လျက် ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည် (rangonnewsdaily)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...