ဇက်ရိုးကျီးပေါင်းတက်ရောဂါကို လက်အားစိုက်သူ ဇက်အားစိုက်သူတွေမှာ အဖြစ်များပါတယ်။ဇက်ရိုးကိုထိခိုက်မိသူ
တွေအဖြစ်များပါတယ်။ကွန်ပျူတာသမားတွေ၊ဖြစ်ဖို့ရာခိုင်နုန်းများပါတယ်။ကျွန်တော်အမကကွန်ပျူတာသမားပါ၊နေ့
စဉ် စာစီစရိုက်လုပ်နေရတာပါ နောက်တော့ ဇက်ကြောတက်လာတယ်၊ ခေါင်းကျဉ်လာတယ် အာရုံကြာကြာစိုက်လို့မရတော့ဘူး
လက်မောင်းတဖက်ကကျဉ်တယ် ကိုက်တယ် ဆေးခန်းပြကြည်တော့လည်ဆစ်ရိုး ၃၄၅၆၇မှာကျီးပေါင်းတက်တာတဲ့...လည်ဆစ်
ရိုးက၇ဆစ်ရှိတာမှာ၅ဆစ်ကကျီးပေါင်းတက်တယ်။
ဆေးခန်းက စားဆေးပေးတယ် လည်ပင်းကိုပတ်တဲ့လည်ပတ်ကြီးနဲ့နေခိုင်းတယ်။သောက်ဆေးတွေကside effectဖြစ်လာတယ်
ဆီးအနည်ကျတယ် မောချင်လာတယ် ကျီးပေါင်းဆိုတာကုလို့ပျောက်တယ်ဆိုတာမရှိဘူးတဲ့ သက်သာအောင်လေ့ကျင့်ခန်းလုပ်ပါပေါ့
အမလည်းဘာမှမလုပ်နိုင်တော့ဘူး နားနေရတယ်။အမခံစားရတာကဇက်ကြောတက်တယ်၊ နံနက်စောစောဇက်တောင့်တယ် ပခုံးသားတွေရောင်တယ် လက်ပျဉ်ငုတ်သလိုရံဖန်ရံခါဖြစ်တယ်(အုံးလွဲသလို)။လက်သီးဆုပ်အားမကောင်းတော့ဘူးကိုင်ရင်မမြဲဘူး
ပစ္စည်းတွေလွတ်ကျတယ် လည်ပင်းမှာလည်းဖုဖေါင်းလာတယ်။
ကျွန်တော်တို့လည်း စိတ်ပူတာပေါ့ ဘယ်မှာကုရမလဲ နိုင်ငံခြားလောက်လည်းမတတ်နိုင်ဘူးလေ နောက်ဆုံးတော့ တိုင်းရင်း
ဆေးဘက်လှည့်ကုကြည့်တယ်။တိုင်းရင်းဆေးဆရာကသောက်ဆေးပေးတယ် တနေ့ကို၅ကြိမ်သောက်ရတယ်။ကြပ်ထုပ်ထိုးခိုင်းတယ်
ဆေးလိမ်းရတယ်။ရက်ပတ်နဲ့ဆေးစည်းပေးပါတယ်။တစ်လမကြာဘူး အမရဲ့ ကျီးပေါင်းရောဂါကပြန်ကောင်းသွားတယ်။ကွန်ပျူတာ
ပြန်ကိုင်နိုင်လာတယ်။ကျွန်တော်တို့မိသားစုအခုမှပဲစိတ်ချမ်းသာသွားပါတယ်
အမကိုကုသချက်တွေက ဆေးစားခိုင်းတယ် ဆေးလိမ်းခိုင်းတယ် ဆေးကြပ်ထုပ်ထိုးခိုင်းတယ် ဆေးစည်းတယ်။
ရက်တိုတိုနဲ့ပျောက်တဲ့ တိုင်းရင်းဆေးကို ကျွန်တော်ကပြန့် ပွားစေချင်တယ် နေရာတိုင်းမှာရှိရင်ကျွန်တော်တို့လိုစိတ်မဆင်းရဲရတော
့ဘူးငွေကုန်ကြေးကျမများတော့ဘူး။ဆရာတွေကိုတိုင်းရင်းဆေးကောင်စီကစည်းရုံးပြီးလှူခိုင်းစေချင်တယ်။ပညာရှင်တွေကိုဖေါ်ထုတ်
စေချင်တယ်။
No comments:
Post a Comment