ဘိန်းဘုရင် ခွန်ဆာ ၂၀၀၇ အောက်တိုဘာလကုန်ပိုင်းက ရန်ကုန်မှာ ကွယ်လွန်သွားပြီ ဆိုတဲ့သတင်း ထွက်ခဲ့ပါတယ်။ အစိုးရက တရားဝင် ထုတ်ပြန်ကြေညာတာ၊ သတင်းစာမှာ နာရေးကြော်ငြာ ပါလာတာမျိုး မရှိခဲ့ပါဘူး။
သူ့ရဲ့ နာရေးအခမ်းအနားဆိုင်ရာ ဓာတ်ပုံတွေလည်း အွန်လိုင်းကို ရောက်မလာပါဘူး။
သို့သော်လည်း သူ သေဆုံးပြီ ဆိုတဲ့ သတင်းကို သတင်းဌာနအများအပြားက တဆင့် သိကြရသူတွေကတော့ သူသေဆုံးပြီလို့ နားလည်ထားကြပါတယ်။
သူသေဆုံးပြီ ဆိုတာကို မယုံကြည်သူများလည်း ရှိနေပါတယ်။ အန္တရာယ်တွေကို စိုးရိမ်လို့ သေဆုံးတယ် သတင်းလွှင့်ပြီး ကိုယ်ရောင်ဖျောက်သွားတယ်လို့ ယူဆသူတွေ ရှိကြမှာပါ။ ဒါလည်း ဖြစ်နိုင်ချေတခုပါပဲ။
သူ့နာရေးသတင်းကို မယုံကြည်သူတွေထဲမှာ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) နဲ့ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့တို့ ပါဝင်နေပါတယ်။




လိပ်စာက - http://www.state.gov/www/global/narcotics_law/chang_chi-fu.html
ခွန်ဆာကို ဖမ်းမိရေး သတင်းပေးနိုင်ရင် ဒေါ်လာ ၂ သန်း ပေးမယ်လို့ ဆိုထားပါတယ်။
by.irrawaddy
No comments:
Post a Comment