ဧဒင်အချစ်ပုံပြင်: ဒီနှစ်သင်္ကြန် တရားစခန်း အမှတ်တရ အတွေ့ အကြုံတွေနဲ့ ဟိန်းဝေယံ

Monday, 23 April 2012

ဒီနှစ်သင်္ကြန် တရားစခန်း အမှတ်တရ အတွေ့ အကြုံတွေနဲ့ ဟိန်းဝေယံ

ဒီနှစ်သင်္ကြန် တရားစခန်း အမှတ်တရ အတွေ့ အကြုံတွေနဲ့ ဟိန်းဝေယံဒီနှစ်သင်္ကြန် မော်လမြိုင်က'ဖားအောက် တောရ'မှာ တရားစခန်း ဝင်ဖြစ်ခဲ့တဲ့ ဟိန်းဝေယံ က သင်္ကြန်အကြိုနေ့မှာ တရားစခန်းဝင်ပြီး နှစ်ဆန်း တစ်ရက်နေ့ မှာ ပြန်ထွက်ခဲ့ပါတယ်။ သင်္ကြန်မှာ တရားစခန်း ဝင်ခဲ့တဲ့ ဟိန်းဝေယံ က သူ့ရဲ့ အတွေ့အကြုံတွေကို အခုလို ပြောပြပါတယ်။ "အဲဒီမှာက မနက်ဆို ၃နာရီ ခွဲလောက် ထရတယ်။ ဘုရားဝတ်ပြု၊ တရားထိုင်ပေါ့။ အရုဏ်တက်ကို မနက်၆
နာရီမှာ ကျွေးတယ်။ မနက်စာ စားတဲ့အခါ ကျရင် လည်း ပန်းကန်တစ်ခုထဲ မှာပဲရောပြီး စားရတယ်။
ဘုန်းကြီးတွေ ဆိုရင် သပိတ် တစ်လုံး ထဲမှာ ဘာပဲလောင်းလောင်း အဲဒီထဲမှာ ထည့်ပြီး စားရသလိုမျိုး ယောဂီတွေလည်းပဲ ကိုယ်ယူသွားတဲ့ ပန်းကန် တစ်ချပ်ထဲမှာ ထမင်းနဲ့ ဟင်းတွေကို ရောနှောနယ်ဖတ်ပြီး စားရတယ်။ အဲဒါအမှတ်တရ ပါပဲ။ မနက်စာစားပြီးရင် သိမ်ပေါ်တက်၊ တရား ထိုင်တယ်။ တစ်နေ့ကို ဘုရားဝတ်ပြု၊ တရားထိုင်တဲ့ အချိန် စုစုပေါင်း ၉ကြိမ် ရှိတယ်။ တရားထိုင် တာချည်းပဲဆို ၆ကြိမ် ရှိတယ်။ ညဘက်ဆိုရင် ဘုရားရှိခိုး၊ တရားထိုင်၊ စင်္ကြံလျှောက်တယ်။ ပြီးရင် ည ၉နာရီခွဲဆို အကုန်လုံး မီးမှိတ်ပြီး အိပ်တယ်။ ကျွန်တော်နဲ့အတူ ကျွန်တော့် အဖေ ရယ်၊ကျွန်တော့် ယာဉ်မောင်း ကိုမျိုးရယ် ၃ ယောက် ပါတယ်။ ပြီးတော့ နှစ်ဆန်း တစ်ရက်နေ့ မှာ အရုဏ်ဆွမ်းကို သစ်သီးဆွမ်းလှူခဲ့တယ်"လို့ သင်္ကြန်မှာ တရားစခန်းဝင်ခဲ့တဲ့ အကြောင်း ပြည့်ပြည့်စုံစုံ ပြောပြပါတယ်။
Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...