ဧဒင်အချစ်ပုံပြင်: စခန်းမှူးကိုဟန်းဖုန်းတစ်လုံး ၀ယ်ပေးလိုက်လို့ လူသတ်မှု မှ အာမခံ ရရှိသွားတဲ့ နေပြည်တော်က လူသတ်မူ

Wednesday 25 April 2012

စခန်းမှူးကိုဟန်းဖုန်းတစ်လုံး ၀ယ်ပေးလိုက်လို့ လူသတ်မှု မှ အာမခံ ရရှိသွားတဲ့ နေပြည်တော်က လူသတ်မူ

 နေပြည်တော် ဥတ္တရသီရိ၊ သရက်တောကျေးရွာအုပ်၊ ပိုးစာတောကျေးရွာ တွင် (၂၃.၃.၂၀၁၂)နေ့က ဖြစ်ပွားခဲ့သော လူသတ်မှုမှ တရားခံများကို အမှုမှ အာမခံပေးခွင့်မရှိပဲ တက်ရှိန်းစခန်းမှူးရဲအုပ်အောင်ဝင်းထံ တရားခံများ၏ ဆွေမျိုးအသိုင်းအ၀ိုင်းမှထောက်ပံမှု
အသီးသီးနှင့် ဟန်းဖုန်းတစ်လုံးပေးလိုက်မှုကြောင့် တရားခံများအား
အာမခံပေးလိုက်ကြောင်း သေဆုံးသူ၏ ဆွေမျိုးအသိုင်းအ၀ိုင်း
များက ပြောဆိုသည်။


ဖြစ်စဉ်မှာ (၂၃.၃.၂၀၁၂)နေ့ ညပိုင်းက နေပြည်တော်ဥတ္တရသီရိ၊ သရက်တောကျေးရွာအုပ်၊ ပိုးစာတောကျေးရွာနေဇင်မင်းပိုင်မှာ
နေအိမ်တွင်ရှိနေစဉ် ယင်း၏သူငယ်ချင်းဖြစ်သူ ဖိုးတုတ် (၂၅)နှစ်၊ (ဘ)ဦးထွန်းဝေ နေပြည်တော်ဥတ္တရသီရိ၊သရက်တောကျေးရွာအုပ်၊
ပိုးစာတောကျေးရွာနေနှင့် နေပြည်တော်ဥတ္တရသီရိ၊သရက်တောကျေးရွာအုပ်၊ မသိမ်ကျေးရွာနေ တင်နိုင်ဦးတို့ အကြိမ်ကြိမ်လာရောက်
 ခေါ်သဖြင့် ဇင်မင်းပိုင်းလည်း ယင်းတို့နှင့်အတူ ဆိုင်ကယ်တစ်စီးတည်းစီးနင်းပြီးမသိမ်ရွာဘက်သို့ လိုက်သွားကြောင်း၊နောက်တစ်နေ့
မနက် (၈း၀၀)အချိန်ခန့်တွင် ယင်း ဇင်မင်းပိုင်မှာ ရွာနှစ်ရွာကြားရှိ လမ်းဘေးတွင် စူးဝင်ဒါဏ်ရာ (၅)ချက်၊ ခေါင်းကွဲဒါဏ်ရာနှစ်ချက်
တို့ရရှိပြီး သေဆုံးနေကြောင်းသိရသဖြင့်ဇင်မင်းပိုင်၏ မိဘများက တက်ရှိန်းရဲစခန်းသို့ အမှုဖွင့်ခဲ့ကြောင်း သိရသည်။

    တက်ရှိန်းရဲစခန်းမှ စခန်းမှူးရဲအုပ်အောင်ဝင်းနှင့်အဖွဲ့က ဇင်မင်းပိုင်အား ခေါ်ဆောင်သွားသော ဖိုးတုတ်နှင့် တင်နိုင်ဦး
အား ဖမ်းဆီးစစ်ဆေးရာ ကွင်းဆက်တရားခံအဖြစ် ၀ဲကျော်(ခ)နေထက်လင်းအား ဖမ်းဆီးရမိပြီး ၀ဲကျော်(ခ)နေထက်လင်း၏ ထွက်ဆိုချက်
အရ အခင်းဖြစ်ပွားစဉ်က ၀ဲကျော်(ခ)နေထက်လင်းက ဇင်မင်းပိုင်အား တံပိုးကြီးတုတ်ဖြင့်ရိုက်ပြီး ဖိုးတုတ်ဆိုသူက ယင်းဆိုင်ကယ်ခုံ
တွင်ပါသော စကေဘာဖြင့်ထိုးခဲ့ကြောင်း ထွက်ဆိုသဖြင့် ရဲစခန်းမှူးက သွေးများစွန်းကျန်ရစ်နေသော သက်သေခံ တံပိုးကြီးဒုတ်အား
သိမ်းဆည်းခဲ့ပြီး ယင်းပြစ်မှုကျူးလွန်သူတို့အား ဖမ်းဆီးသွားခဲ့ကြောင်းဆို၏။

    အဆိုပါ အမှုအတွက် စစ်ဆေးဆောင်ရွက်နေချိန်တွင် ဖိုးတုတ်၏ ဦးလေးတော်စပ်သူ ကောက်ကြီး (ခ)ဇော်မင်းထွန်း(၃၈)နှစ်
ခန့်က အမှုစစ်အရာရှိ တက်ရှိန်းစခန်းမှူး သွားလာလှုပ်ရှားသမျှ ကားဖြင့် အကြိုအပို့ ပြုလုပ်ပေးခြင်း၊ အထောက်အပံ့များပေးခြင်း၊
 ငွေကြေးများပေးခြင်း စခန်းမှူးအား နေပြည်တော် ငါးသိန်းတန် CDMA ဖုန်းတစ်လုံး ပေးခြင်းတို့ ပြုလုပ်ရာဝဲကျော်(ခ) နေထက်လင်း
၏ ထွက်ဆိုချက်မှာ မခိုင်လုံကြောင်းယင်းထံမှ သိမ်းဆည်းထားသော သွေးများပေနေသည့် တံပိုးကြီးတုတ်မှ သွေးများသည်
လူသွေးများမဟုတ် နွားသွေးများသာဖြစ်ကြောင်း သတင်းလွှင့်ခဲ့သည်။ အမှန်တကယ်တော့ တံပိုးကြီးတုတ်အား သက်ဆိုင်ရာ မှုခင်းဌာနမှ ယင်းအကြောင်း (စစ်ဆေးတွေ့ရှိချက်)ကို တစုံတရာပြန်ကြားမှု မရှိသေးပါ။

    ရဲစခန်းတွင် အဆိုပါ အမှုနှင့် ချုပ်နှောင်ထားသူများ (22.4.2012)နေ့တွင် အမှုမှ အာမခံ ပေးသည်ဟုဆိုကာ ပြန်လည်
လွှတ်ပေးထားသည်ကို တွေ့ရသဖြင့် သေဆုံးသူဇင်မင်းပိုင်ဘက်မှ မိဘဆွေမျိုးများက များစွာ မကျေမနပ်ဖြစ်နေသည်ကို သိရသည်။

      ``သေတဲ့သူကသေသွားတာတော့ အမှန်ကို အမှန်တိုင်းဖြစ်စေချင်တာပါ။ ပြီးတော့ တရားခံဘက်က ပြစ်မှုကျူးလွန်စဉ်ကသုံးတဲ့ သက်သေခံပစ္စည်းအပ်ထားသလို ၀န်ခံထွက်ဆိုချက်တွေလည်း ပေးထားပြီးသားပါ။ ဒါကိုတောင် ဒီလိုလူသတ်မှုမျိုးက
တရားခံကိုတောင် အာမခံပေးထားတယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဘယ်လိုနားလည်ရမှန်းမသိ ဖြစ်နေတယ်ဗျာ´´ ဟု သေဆုံးသူ၏ ဦးလေးတော်စပ်သူက ပြောဆိုသည်။

နေပြည်တော်သတင်းထောက် (Myanmar News Now)မှတဆင့်
ကိုလတ်(ပန်ဘဲတန်း)

3 comments:

  1. အော် ----ပိုက်ဆံ----ပိုက်ဆံ

    ReplyDelete
  2. မြန်မာပြည်မှာကလဲ ငွေကအရေးအကြီးဆုံးဖြစ်နေတယ်ထင်တယ်

    ReplyDelete
  3. လာဘ်ပေးလာဘ်ယူ ရန်သူ.. ဆိုတာ မဟုတ်တော့ဘူး.. သူတို့အတွက် မိတ်ဆွေဖြစ်နေပြီ..

    ReplyDelete

Related Posts Plugin for WordPress, Blogger...