ဧဒင်အချစ်ပုံပြင်: ဆိုင်ကယ်ရပ်မှုကြောင့် အချင်းများ...ညှစ်အားပိုလို့ သေရသူ....
Tuesday 24 April 2012
ဆိုင်ကယ်ရပ်မှုကြောင့် အချင်းများ...ညှစ်အားပိုလို့ သေရသူ....
 စိတ်ညစ်တယ်ကွယ်...
သိပ်ညှစ်ကာ အကြင်နာပိုတော့ ... 
သည်မောင်မှာ ခန္ဓာစဲရတယ်...ဆွေးရတက်ပွား...
လွန် ခဲ့ သည့် ဧပြီလ ၁၉ ရက်နေ့ က တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ ဟိုက်ကိုမြို့ တွင်ဖြစ်ပွားခဲ့ သည့် ယာဉ်
ရပ်နားရန်နေရာအငြင်းပွားမှုတစ်ခုတွင် မော်တော်ဆိုင်ကယ်စီးသူ အမျိုးသမီးတစ်ဦးမှ အမျိုးသားတစ်ဦး
ဝှေးစေ့ အား ညှစ်ပစ်ခဲ့ သဖြင့် ထိုအမျိုးသားသေဆုံးခဲ့ ရပါတယ်...
ကလေးအား ကြိုဆိုခေါ်ဆောင်ရန် ဆိုင်ကယ်ဖြင့် လာရောက်ခဲ့ ပါတယ်...
ကျောင်းအနီးရှိဆိုင်တစ်ဆိုင်ရှေ့ တွင်သူမဆိုင်ကယ်အားရပ်တန့် ရန်ကြိုးစားစဉ် အသက် ၄၂ နှစ်အရွယ်ရှိ
ဆိုင်ပိုင်ရှင်အမျိုးသားမှ မရပ်ရန်ကန့် ကွက်ခဲ့ ပါတယ်...
၎င်းနောက် နှစ်ဦးသားစကားများအချင်းများကြရာမှ ခြေလွန်လက်လွန်ဖြစ်ကာ ရိုက်နှက်ထိုးသတ်ကြသည်
အထိဖြစ်ခဲ့ ပါတယ်...
 ဒီလိုပုံ ဒီလိုနည်းနဲ့ ဒုက္ခအကြီးအကျယ်ရောက်သူကို အရေးပေါ်အသက်ကယ်ကုထုံးနဲ့ လည်း
မကယ်နိုင်တော့ ပြီ....
စိတ်ဆိုးဒေါသထွက်နေသည့် အမျိုးသမီးမှ သူမ၏ခင်ပွန်းဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့ အားလာရောက်ကူညီ
ပါရန်ဖုံးဆက်ခေါ်ဆောင်ခဲ့ သဖြင့် ရန်ပွဲမှာ ပိုမိုပြင်းထန်ခဲ့ ပါတယ်...
ရန်ပွဲအတွင်းသက်လတ်ပိုင်းအရွယ်ရှိ အမျိုးသမီးမှ အမျိုးသား၏ အဓိကအင်္ဂါအစိတ်အပိုင်းအား မိမိရရဖမ်း
မိဆုပ်ကာ ထိုသူမြေပေါ်သို့ သတိလစ်လဲကျသွားသည်အထိ ညှစ်ထားလိုက်ခဲ့ ပါတယ်...
ဒါဏ်ရာရအမျိုးသားအားဆးရုံသို့ ချက်ချင်းပို့ ဆောင်လိုက်သော်လည်း ကံမကောင်းအကြောင်းမလှစွာပင်
မည်သို့ ပင်ကြိုးစားကုသခဲ့ ကြသော်လည်း သေဆုံးသွားခဲ့ ရပါတယ်.... 
by.kopitar
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...