ဧဒင်အချစ်ပုံပြင်: မေတ္တာ၏ ‘သာဓုပါဗျာ’ သံချပ်အဖွဲ့

Friday 13 April 2012

မေတ္တာ၏ ‘သာဓုပါဗျာ’ သံချပ်အဖွဲ့

myittarအာဏာပိုင်များ ခွင့်ပြုခြင်း မရှိ၍ တိမ်မြုပ်နေသော မြန်မာ့ ဓလေ့ သံချပ်ထိုး ဖျော်ဖြေမှုကို ယခုနှစ် မဟာ သင်္ကြန်ကာလတွင် ပြန်လည် ခွင့်ပြု လိုက်ပြီဖြစ်ရာ လူရွှင်တော် မေတ္တာတို့ အဖွဲ့က သင်္ကြန် မဏ္ဍာပ်များကို သွားရောက်ဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်း ဦးမေတ္တာက ပြောကြားသည်။
မူလက သံချပ်ထိုးမည့် အဖွဲ့များ သံချပ် စာသားများကို စိစစ်ရေးသို့ ကြိုတင် တင်ပြရမည်ဟု ထုတ်ပြန် ထားသော်လည်း ယခု တင်ပြရန် မလိုကြောင်း၊ ၎င်းနှင့်အတူ လူရွှင်တော် ဗေလုဝ၊ ကုသိုလ်တို့ ပါဝင်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

၎င်းတို့အဖွဲ့မှာ မဟာသင်္ကြန် ကာလအတွင်း ရန်ကုန်မြို့တော်ရှိ နာမည်ကြီး သင်္ကြန်မဏ္ဍာပ်များ သို့သွားရောက် ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။
မန္တလေးလူရွှင်တော် များကလည်း ယခုနှစ်သင်္ကြန်တွင် သံချပ်ဖြင့် ဖျော်ဖြေရန်စီစဉ် ထားကြောင်း မန္တလေးဒေသခံများ ထံမှသိရသည်။
လူရွှင်တော် မေတ္တာ၊ ကုသိုလ်နှင့် ဗေလုဝတို့၏ သာဓုပါဗျာ သံချပ်အဖွဲ့ ယနေ့မဟာသင်္ကြန် အကျနေ့တွင် သင်္ကြန်မဏ္ဍာပ် နှစ်ခု အပါအဝင် နေရာ သုံးနေရာတွင် သံချပ်ဖြင့်  ဖျော်ဖြေမည် ဖြစ်ကြောင်း လူရွှင်တော်  မေတ္တာက  ပြောကြားသည်။
ယနေ့ဖျော်ဖြေရန် စီစဉ်ထားသော နေရာများမှာ Naing Group မဏ္ဍာပ်၊ Skynet မဏ္ဍာပ် နှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် ဥက္ကဌ ဦးသိန်းညွှန့်၏ နေအိမ် စသည် တို့ဖြစ်ကြောင်း၊ ဦးသိန်းညွှန့် အိမ်တွင် သွားရောက် ဖျော်ဖြေရန် စီစဉ် ထားခြင်းမှာ သံချပ်ဖျော်ဖြေခွင့်  ပြန်လည် ခွင့်ပြုရန်  လွှတ်တော်တွင်  တင်ပြသည့် အတွက်  ဂုဏ်ပြုခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ဖျော်ဖြေရန်စီစဉ် ထားသော သံချပ်ခြောက် ပုဒ်မှာ ‘သင်္ကြန်ကျပြီ’၊ ‘မိုးစာရိုးရာသင်္ကြန်’၊ ‘အိမ်မက်မက်တာ မဟုတ်ရင်ကောင်းမယ်’၊ ‘မြန်မာဆန်ကြပါ’၊ ‘ရေချမ်းစင်’၊ ‘သယံဇာတ’ တို့ဖြစ်သည်။
ကမ္ဘာအေး ဘုရားလမ်း ပေါ်ရှိ Naing Group မဏ္ဍာပ်တွင် နေ့လည် ၂နာရီတွင် လည်းကောင်း၊ Skynet မဏ္ဍာပ်တွင် ညနေ၄နာရီ ၌လည်းကောင်း ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။
The Voice Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...