ဧဒင်အချစ်ပုံပြင်: မန်းသင်္ကြန် ကျုံးဘေး၌သာစည်ကား၊ဂျစ်ကားအစား လိုက်ထရပ်နှင့်ဆိုင်ကယ်များနေရာယူ·

Friday, 13 April 2012

မန်းသင်္ကြန် ကျုံးဘေး၌သာစည်ကား၊ဂျစ်ကားအစား လိုက်ထရပ်နှင့်ဆိုင်ကယ်များနေရာယူ·



၂၀၁၂ခုနှစ် မန္တလေးမြန်မာ့ရိုးရာသင်္ကြန်ပွဲတွင် ကျုံးဘေးပတ်ပတ်လည်သာ လူစည်ကားခဲ့ပြီး မြို့တွင်းတွင် ကလေးငယ်များက မဏ္ဍပ်ငယ်များဖြင့်သာ ရေပက်ကစားခဲ့ကြသည်။

ထူးခြားမှုအနေဖြင့် မန်းသင်္ကြန်သင်္ကေတ ဂျစ်ကားများနည်းပါးသွားပြီး ၄င်းနေရာတွင် လိုက်ထရက်နှင့်  ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်သူများလာသည်ကို တွေ့ရှိရသည်။

“ ဆိုင်ကယ်ဆိုတော့ ဓါတ်ဆီလဲသိပ်မကုန်ဘူး ၊ လမ်းပိတ်နေရင်လဲ အမြန်ထွက်လို့ လွယ်တယ် ၊ ကိုယ်သွားခြင် တဲ့နေရာကို စိတ်တိုင်းကျသွားလို့ရတယ် ” ဟု ဆိုင်ကယ်ဖြင့်ရေပက်ခံထွက်သူတစ်ဦးက ပြောသည်။

ဆိုင်ကယ်များနှင့် ရေပက်ခံထွက်သူများလာသည့်အလျောက် ဆိုင်ကယ်တိမ်းမှောက်မှုများလည်း ရှိလာကြောင်း သင်္ကြန်အကျနေ့တွင် မြင်တွေ့ခဲ့ရသည်။

ရေပက်ခံထွက်သူများ ဖျော်ဖြေရေးကြည့်ရှုသူများဖြင့် ၂၆လမ်းကျုံးဘေးတွင်သာ ကြိတ်ကြိတ်တိုးလျှက်ရှိပြီး ကျုံးအရှေ့ဖက် ၊ မြောက်ဖက်နှင့် အနောက်ဖက်တို့တွင် ယခင်နှစ်များလောက် စည်ကားခြင်းမရှိသည်ကို တွေ့ ရသည်။ မြို့တွင်းတွင် ကလေးငယ်များသာ ရေပက်ကစားခဲ့ကြသည်။

“ အမတို့မိသားစုကတော့ ကျုံးအနောက်ဖက်မှာ ပိုက်ချပြီးပက်တာ ဒီနှစ်နဲ့ဆို သုံးနှစ်ရှိပြီ ၊ ဒါကငွေကုန် သက်သာသလို ကလေးတွေလဲ ပိုပျော်တယ်လေ ” ဟု အနောက်ကျုံးတွင် ကိုယ်ပိုင် ရေစုပ်စက်ဖြင့် လာရောက်ရေပက်ကစားသူ မိသားစုတစ်စုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာ့ရိုးရာမန်းသင်္ကြန်ကို ကမ္ဘာလှည့်ခရီးသည်များပါ ၀င်ရောက်ဆင်နွှဲခဲ့ပြီး နှစ်စဉ်လာရောက်သူ နိုင်ငံခြား ဧည့်သည်များလဲ ရှိသည်ဟု ခရီးသွားဧည့်လမ်းညွှန်တစ်ဦးပြောသည်။

@Shwe Myitmakha Media Group


မန္တလေးမြို့ကျုံးတောင်ဘက်ခြမ်းတွင် ယာဉ်ရပ်တန့်မှု သတ်မှတ်ချိန်ထက်ကြာမြင့်ခဲ့၍ ကရိန်းဖြင့်ဂျစ်ကားတစ်စီးကိုမရွှေ့နေစဉ်

@ Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...