ဧဒင်အချစ်ပုံပြင်: **အသက် ၁၀၁ နှစ်အရွယ်အဘိုး လန်ဒန်အိုလံပစ်မာရသွန်ပြိုင်ရန် လေ့ကျင့်နေ**

Saturday, 21 April 2012

**အသက် ၁၀၁ နှစ်အရွယ်အဘိုး လန်ဒန်အိုလံပစ်မာရသွန်ပြိုင်ရန် လေ့ကျင့်နေ**

 



(Marathon man Fauja Singh runs into racism row – aged 101 – on the eve of the London race) အိန္ဒိယနွယ်ဖွား ဗြိတိန်နိုင်ငံသား အသက် ၁၀၁ နှစ်အရွယ်ရှိ အဘိုးတစ်ဦးသည် လာမည့် ၂၀၁၂ လန်ဒန်အိုလံပစ်ပွဲတော်၌ ပါဝင်ဆင်နွှဲရန် လေ့ကျင့်လျက်ရှိကြောင်း ဧပြီ ၂၀ ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။ ဖာရုဂျာဆင်းဂ်ျအမည်ရှိ ၄င်းအိန္ဒိယအမျိုးသားကြီးသည် အိန္ဒိယနိုင်ငံတွင် မွေးဖွားကြီးပြင်ခဲ့ပြီးနောက် ၁၉၆၀ ခုနှစ်က ဗြိတိန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်းခဲ့သူဖြစ်သည်။ ဇာရုဂျာဆင်းဂ်ျသည် အသက် ၈၉ နှစ်အရွယ်မှစတင်ကာ မာရသွန်အပြေးပြိုင်ပွဲ ရှစ်ကြိမ်ပါဝင်ဆင်နွှဲခဲ့ပြီးဖြစ်သည်။ မကြာမီက ပါဝင်ဆင်နွှဲခဲ့သော ကနေဒါနိုင်ငံ တိုရွန်တိုမာရသန်ပြိုင်ပွဲ၌ ဖာရုဂျာဆင်းဂ်ျ ပါဝင်ဆင်နွှဲခဲ့ရာ သူ၏အပြေးစံချိန်မှာ ၈ နာရီ ၂၅ မိနစ် ၁၆ စက္ကန့်ဖြစ်သည်။ သူ၏အပြေးနည်းပြဖြစ်သူ ဟာမင်ဒါဆင်းဂ်ျက အဆိုပါစံချိန်ထက် ပိုမိုမြန်သောအပြေးစံချိန်ကို လန်ဒန်အိုလံပစ်၌ ပြေးနိုင်မည်ဟု ယုံကြည်ထားသည်။ (အင်တာနက်)

4 comments:

  1. အသက်ရှည်ပေမယ့် သန်မာနေတုန်းပါပဲလား

    ReplyDelete
  2. အားကျတယ် ကိုယ်တွေဖြစ် ဘာလုပ်လုပ် မောနေတာပဲ

    ReplyDelete
  3. ဒီလိုအသက်အရွယ်နဲ့ဒီလိုအားကစားလိုက်စားနိုင်တယ်ဆိုတာတော်တော်ကျန်းမာတာဘဲဗျာနော်.....မိုက်တယ်ဗျာ....၀ါသနာလည်းတော်တော်ကြီးတယ်ထင်ပါ့....

    ReplyDelete
  4. အားကျလိုက်တာ..
    အဲ့အဘိုးကြီးက...ရုပ်ကြည့် ရတာ ပျော်ပျော်နေတတ်တဲ့သူ တစ်ယောက်ဖြစ်တယ်ထင်တယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...