
အော်ရန်ဂူတန် မျောက်ဝံများ တိရစ္ဆာန် တစ်ရုံနှင့်တစ်ရုံ အက်ပဲလ်၏ သင်ပုန်းကွန်ပျူတာ iPad သုံးပြီး ဗီဒီယိုစကားတွတ်ထိုးမှု Video Chatting ပြုလုပ်နိုင်ကြပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်အခြေစိုက် Orangutan Outreach အဖွဲ့က ယင်းအစီအစဉ်ကို
အကောင်အထည်ဖော်ပေးနေခြင်း ဖြစ်သည်။ အော်ရန်ဂူတန် မျောက်ဝံများ iPad သုံး ဆော့ကစားတတ်ရန် လေ့ကျင့်ပေးခဲ့သည်မှာ တစ်နှစ်ကျော် ရှိလာချိန်၌ wifi အင်တာနက်ကွန်ရက်ဖြင့် အခြားတိရစ္ဆာန်ရုံများမှ အော်ရန်ဂူတန် မျောက်ဝံများနှင့်ပါ ချိတ်ဆက်ဆက်သွယ်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပုံမှာ မတ်လ ၂၈ ရက်နေ့က မီလ်ဝေါ်ကီကောင်တီ တိရစ္ဆာန်ရုံမှ အော်ရန်ဂူတန် မျောက်ဝံတစ်ကောင် အခြားရုံမှတစ် ကောင်ကို iPad ၏ ဗီဒီယိုစကားတွတ်ထိုးသည့် အက်ပလီကေးရှင်း FaceTime ကိုသုံးပြီး ဆက်သွယ်ပေးထားပုံဖြစ်သည်။
@Eleven
No comments:
Post a Comment