
လှိုင်သာယာမြို့နယ်၊ လှိုင်မြစ်လမ်း၊ အကွက် အမှတ်(၅၈၄)ရှိ အဏ္ဏ၀ါလွမ်း အအေးခန်း ကုမ္မဏီ အတွင်း ဖွင့်လှစ်ထားသော လက်ဖက်ရည် နှစ်ဆိုင်နှင့် ၀န်ထမ်း အဆောင်တို့ လှိုင်မြစ်ထဲ သို့ပြိုကျသွား ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီနှင့် ကပ်လျက်ရှိ ကုမ္ပဏီတစ်ခုမှ ဆိပ်ကမ်း(Jetty) ဆောက်လုပ်ရန် လွန်ခဲ့သည့် သုံးရက်ခန့် က ပိုင်ရိုက်သည့်အတွက် ကမ်းနားမြေများ အက်ကွဲကာ ယခုကဲ့သိုပြိုကျ ခဲ့ခြင်းဖြစ်ကြာင်း သိရသည်။ အဆိုပါနေရာမှာ ဆက်လက် ပြိုကျနိုင်သည့် အခြေအနေ ရှိနေကြောင်း လှိုင်သာယာ မီးသတ်ဦးစီးဌာနမှ သိရသည်။
စိုင်းနောင်

No comments:
Post a Comment