
စင်္ကာပူနိုင်ငံတွင် မေလ(၁၂)ရက်နေ့ မနက် (၄)နာရီကျော်လောက်က Bugis နားက Raffles ဆေးရုံမီးပွိုင့်မှာ ဖြစ်ပွားခဲ့တဲ့ Ferrari အနီရောင်ပြိုင်ကား ၊ မော်တော်ဆိုင်ကယ်နှင့် တက္ကစီတစ်စီး၏ ထိတ်လန့်ဖွယ် ယာဉ်တိုက်မှုကြောင့် အသက်(၃၁)နှစ်အရွယ် Ferrari မောင်းသူနှင့် တက္ကစီကားပေါ်မှ ခရီးသည်နေရာတွင် လိုက်ပါလာသည့် အသက်(၂၀)နှစ်အရွယ် ဂျပန်အမျိုးသမီးတို့မှာ သေဆုံးသွားခဲ့ပြီး Tan Tock Seng ဆေးရုံတွင် တင်ထားသည့် တက္ကစီမောင်းသူ၏ ဦးနှောက်ဟာ အလုပ်မလုပ်တော့ကြောင်း
သိရပါတယ်။
Ferrari အနီရောင်ပြိုင်ကားမောင်းသည့် အမျိုးသားဟာ နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့ကာ ၎င်းဟာ တရုတ်နိုင်ငံ Sichuan မှ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်ပြီး စင်္ကာပူနိုင်ငံသို့ သူ၏ဇနီးနှင့် ကလေးဖြစ်သူတို့နဲ့အတူ လွန်ခဲ့တဲ့ လေးနှစ်ကတည်းက ရောက်ရှိလာသူဖြစ်ကြောင်းလည်း သိရသည်။
ယခု ဦးနှောက်ပိုင်း အလုပ်မလုပ်တော့သည့် အသက်(၅၂)နှစ်အရွယ် တက္ကစီကားမောင်းသူဟာ အိမ်ထောင်လက်ရှိနှင့် ကလေးသုံးယောက်အဖေဖြစ်ပြီး ဆရာဝန်ကိုယ်တိုင်က ၎င်း၏မိသားစုအား အဆိုးဆုံးအတွက် ပြင်ဆင်ထားဖို့ သတိပေးခဲ့ကြောင်း သိရပါတယ်။
ယာဉ်တိုက်မှု ဖြစ်ရာတွင် ပါဝင်ခဲ့သော ဆိုင်ကယ်ပေါ်မှ အသက်(၂၀)နှစ်အရွယ်ထဲရှိသော ယောက်ျားလေးနှင့် Ferrari ကားပေါ်က အသက်(၂၀)ဝန်းကျင်အရွယ် မိန်းကလေးမှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယင်းယာဉ်တိုက်မှုဖြစ်စဉ် ဗွီဒီယိုဖိုင်အား ကြည့်လိုပါက အောက်တွင် ကလစ်နှိပ်ကြည့်လို့ရပါတယ်။
Source : Yahoo News
ပုံရိပ်(burmesehearts)
No comments:
Post a Comment