ဧဒင်အချစ်ပုံပြင်: လူမင်းနဲ့ ရက်ပါအဆိုတော် တွေပေါင်းပြီး အက်ရှင်ကား တစ်ကားပုံဖော် ရိုက်ကူးမယ့် ဒါရိုက်တာသားညီ

Monday 4 June 2012

လူမင်းနဲ့ ရက်ပါအဆိုတော် တွေပေါင်းပြီး အက်ရှင်ကား တစ်ကားပုံဖော် ရိုက်ကူးမယ့် ဒါရိုက်တာသားညီ

သားညီက လတ်တလောမှာ ဒါရိုက်တာ မျိုးထူးရိုက်ကူးနေတဲ့ ‘နှလုံးသားနဲ့ပေါက်လိုက်’ ဇာတ်ကားမှာ နိုင်းနိုင်း၊ ဝိုင်းစုခိုင်သိန်းတို့နဲ့ အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား ထဲမှာ သားညီက သူချစ်တဲ့ကောင်မလေးကို နိုင်းနိုင်းက ချစ်ချင်ယောင်ဆောင် လိုက်တဲ့အတွက် နိုင်းနိုင်းရဲ့ကောင်မလေးကို ပြန်ပြီး ချစ်ချင်ယောင်ပြန်   ဆောင်လိုက်တဲ့ ဖန်စီဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သရုပ် ဆောင်သားညီက သရုပ်ဆောင်အပြင် ဒါရိုက်တာ တစ်ယောက်အဖြစ်ပါ ဇာတ်လမ်းတွေ ကိုလည်း ရိုက်ကူးနေ တာကို တွေ့ရပါတယ်။ ဒါရိုက်တာတစ်ယောက် အနေနဲ့ တာဝန်ယူ ဆောင်ရွက်ရတဲ့ အပေါ်မှာလည်းသားညီက.. ”သရုပ်ဆောင် တစ်ယောက်အနေနဲ့က တော့ ဒီနေ့ ရိုက်ရက်ထဲမှာ ကိုယ်ပါမယ်ဆိုရင် အဝတ်အစားယူပြီးတော့ ထွက်ရိုက်လိုက်ရုံပဲ ပေါ့နော်။ ဒါရိုက်တာ တစ်ယောက်ကကျတော့ နေရာကအစ မင်းသား၊မင်းသမီးရက်တွေပါ မဟုတ်ဘဲ ဇာတ်ပို့၊ဇာတ်ရံတွေရဲ့ရက်တွေကို ပါ
ထည့်တွက်ရတာပေါ့။ နောက်ပြီးတော့ ကုန်ကျစရိတ်တွေပေါ့။ ဥပမာ အခုအချိန်တွေ ဆိုရင်မေမြို့ကိုကား သွားရိုက်ရမယ် ဆို တအား စရိတ်ကြီးတယ်လေ။ အဲဒီလိုမျိုးဖြစ် တဲ့အခါ ကျတော့ ပရိုဂျူဆာတွေနဲ့ညှိယူရတာတွေရှိ တာပေါ့လေ။ ဒါရိုက်တာတစ်ယောက်ရဲ့ တာဝန်က အများကြီးရှိ တာပေါ့” လို့ပြောပါတယ်။ သားညီက သူနောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားတွေနဲ့ပတ်သက်ပြီး.. ”ကျွန်တော်နောက်ထပ်ဟာသကား တစ်ကားကို ဒီဗီဒီရိုက်ကူးဖို့ရှိ ပါ တယ်။ နောက်ပြီး ၉လပိုင်းမှာ ရုပ်ရှင်ကားကြီးတစ် ကားကို ကိုလူမင်း၊ယုန်လေးတို့အဖွဲ့နဲ့အတူ မူဆယ်မှာ သွားရောက်ရိုက်ကူးဖို့ရှိပါတယ်။ ဇာတ်လမ်းကတော့ ထူးထူး   ခြားခြား အက်ရှင် ဇာတ်ကားတစ်ကားပါပဲ”လို့ ပြောပါတယ်။
လွင်လွင်ထွန်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...