သန်လျင်ရဲစခန်း အချုပ်ခန်းအမှတ် (၂) တွင် ချုပ်နှောင်ထားသည့် အချုပ်သား ၄၇ ဦးအနက် (ပ) ၇၇၄/၁၂၊ ပုဒ်မ-၃၈၀/ မဆ/ ၅၄ (ခိုးမှု၊ မင်္သ ကာမှု)ဖြင့် ဖမ်းင်္ဆိးထားသော မင်္ဂလာဒုံ မြို့နယ် ဇောတိက ၁လမ်း၊ သင်္ဃန်းကျွန်းကြီးကျေးရွာနေ ညီညီအောင် (ခ) ဖိုးလပြည့် (၁၇) နှစ် နှင့် မြောက်ဥကလာပမြို့နယ် အိနြာ ၈ လမ်း၊ ၄ရပ်ကွက်နေ မင်းမောင်မောင် (၁၈) နှစ်တို့က ဇူလိုင် ၁၄ ရက်နေ့ နံနက် ၃ နာရီ ၁၇ မိနစ် အချိန်ခန့်တွင် အချုပ်ခန်းထောင့် အပေါ်ရှိ ၃”x ၂” သစ်သားအား အနည်းငယ်ဟကာ အချုပ်ခန်း
အမိုးအား ဖောက်ကာ ထွက်ပြေး သွားခြင်း ဖြစ်သည်။
အလှည့်ကျ ကင်းသမားက အချိန် ၃ နာရီ ၁၈ မိနစ်အချိန်တွင် အချုပ်ခန်း အမိုးပေါ်မှ အသံကြား သဖြင့်မော့ကြည့်ရာ (ပ)၈၂၉/၁၂၊ ပြစ်မှု ပုဒ်မ ၃၂၆/၃၂၅/၁၁၄ (နာကျင်စေမှု) ဖြင့် ချုပ်နှောင်ထားသော သန်လျင်မြို့နယ်နေ ဇင်ဖြိုးဝေ အား တွေ့ရှိရသဖြင့် ဖမ်းဆီးပြီး အချုပ် ခန်းရှိ တရား ခံများအား စစ်ဆေးရာ ညီညီအောင်နှင့် မင်းမောင်မောင်တို့ ထွက်ပြေး လွတ်မြောက်သွားသည်ကို စစ်ဆေးတွေ့ ရှိခဲ့သည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သား နှစ်ဦးအား သန်လျင်ရဲစခန်းက (ပ) ၈၈၆/၁၂၊ ပုဒ်မ ၂၂၄/၁၁၄ ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။
No comments:
Post a Comment