“မြန်မာ မလေး တချို့ ထမီ မဝတ်တော့ဘူး။ မင်းမပါစေနဲ့ ဘိုလိုနှောကာ ဟိုပြော
ဒီပြော အဓိပ္ပါယ်သိပါစေ” ဒီ စာသားလေး ကတော့ မြန်မာမှု သံစဉ် အဆိုတော်ကြီး
တွံ တေးသိန်းတန်ရဲ့သီချင်းလေးထဲ ကပါ။ မြန်မာ မလေးတွေ ထမီ
မဝတ်တော့ဘူးဆိုတော့ ဘာတွေ ဝတ်ကြလဲမသိပါ။ တွံတေးသိန်း တန်ကတော့
ထိုစာသားလေးကို ခနဲ့ပြုံးလေးနဲ့ဆိုသွားတာ အင် မတန်နားထောင်လို့ကောင်းလှ
ပါတယ်။ ထမီ မဝတ်တော့ဘူးဆိုရင် ဘောင်းဘီအတို၊ အရှည်တွေ၊
စကတ်အကွဲအပြဲတွေဝတ်နေကြ လို့နေမှာပေါ့လေ။
တွံတေးသိန်း တန်လို ပြောလိုက်မယ် “အဲ တစ်မျိုးတော့မတွေးလိုက်ပါနဲ့လို့”
အင်း ...ဆက်တော့ ပြောချင် ပါသေးတယ်။ ဝေဖန်ရေးသမား ကြီးလို့ အပြောခံရမှာလည်း
ကြောက်တော့ ကြောက်မိသား။ ဒါပေမယ့်အမြင်မတော်တာတွေ ကိုတော့
အမိုက်ခံပြီးပြောပြရ တော့မှာပဲ။ မြို့ပြတွေထဲလျှောက်သွား တဲ့အခါ
ဆိုင်ကယ်နဲ့၊ ကားနဲ့ သွားတဲ့အခါတိုင်းမှာ
အာရုံနောက် စရာအကောင်းဆုံးကတော့ အ
တို၊ အကွဲအပြဲတွေပါပဲ။ ပုရိသ တွေအတွက်တော့ ငါးစာချထား သလိုပါပဲ။
ငါးစာနဲ့တူတဲ့ အတို အကွဲအပြဲတွေကို အာရုံစူးစိုက် လိုက်ကြည့်ရင်း
ငါးမျှားချိတ်နဲ့ တူတဲ့ယာဉ်တိုက်မှုအန္တရာယ်တွေ ဖြစ်ကာ အသက်ဘေးနဲ့ရင်ဆိုင်
သွားရတဲ့သူတွေလည်း မနည်း လောက်တော့ပါဘူး။
တချို့ မိန်းကလေးတွေပြော ကြပါတယ်။ “ဒို့ကတော့ Free Style လွတ်လွတ်
လပ်လပ် ပေါ့ ပေါ့ပါးပါးပဲ။ ဘယ်သူမှ လာမ ချုပ်ချယ်နဲ့”တဲ့။Free Style လွတ်
လပ်တဲ့ လူနေမှုပုံစံ၊ ဟုတ်ပါ တယ်။ လွတ်လွတ် လပ်လပ် တကယ်နေချင်သပဆိုရင်တော့
ကျောက်ခေတ်ကိုပဲ ပြန်သွား လိုက်ပါတော့လို့ဆိုချင်ပါတယ်။
အတိုအကွဲတွေဝတ်လာတဲ့ အခါ ဖုံးရ ဖိရတာလည်း ဒုက္ခ တစ်မျိုးပါပဲ။ တောင်ဖက် တည့်
တည့် ဆိုင်ကယ် စီးသွားရင် တောင်ဖက်ကလေ လာတော့ လေဆန် မောင်းရတာပေါ့။
ဝတ်ထားတာက စကတ်အတို၊ အပွ။ လေကတိုက်(တွေးကြည့် လိုက်ပါ)ခေတ်စကားလိုပြောရ
ရင် အကုန် လန်ထွက်ကုန်တာ ပေါ့။ အဲဒီအခါကျတော့လည်း ပေါ်မှာအကြောက်သား၊ လက်
တစ်ဖက်ကဖုံးရဖိရ၊လက်တစ်ဖက် က ဆိုင်ကယ်မောင်းရနဲ့ ဒုက္ခ အကြီးအကျယ်
ရောက်ရပြီလေ။ ယာဉ်အန္တရာယ်ဖြစ်ဖို့ အကောင်း ဆုံးအနေအထားပါပဲ။ မလုံမခြုံ၊
မလွတ်မလပ်နဲ့ မိန်းကလေးတွေ ယာဉ်အန္တရာယ်ဖြစ်ကာအသက် ဆုံးရှုံးရတဲ့သတင်းတွေကို
မကြာ ခဏဆိုသလိုကြားနေမြင်နေရ ပါတယ်။
IT ခေတ်ကြီးမှာ ကမ္ဘာကြီး ကGlobalization ဖြစ်နေပြီဆို ပဲ။
သတင်းနည်းပညာခေတ်ကြီး မှာ ကမ္ဘာကြီးက ရွာကြီးတစ်ရွာ
ဖြစ်နေပြီလို့ဆိုလိုတာပေါ့။ ရှေး လူကြီးတွေပြောစကားက“စာမ
တတ်လျှင်အကန်း၊ယက္ကန်းမတတ် လျှင်အကျိုး”လို့ဆိုထားပါတယ်။ နည်းပညာခေတ်ကြီးမှာ
မျက်စိ ဖွင့်နားစွင့်ပြီးအမှီလိုက်နိုင်မှ တော် ကာကြပါလိမ့်မယ်။ သိသင့်သိ
ထိုက်တဲ့သတင်းအချက်အလက် တွေနဲ့နည်းပညာကိုနားလည်နိုင်
ဖို့အင်္ဂလိပ်စာနဲ့ကွန်ပျူတာကို သင်ယူထားဖို့လိုပါတယ်။ ရှေးလူကြီးစကားက ဒီ
ခေတ်မှာ “အင်္ဂလိပ်စာမတတ် လျှင်အကန်း၊ကွန်ပျူတာမတတ် လျှင်အကျိုး”ဟု ပြောင်းလဲ
သတ်မှတ်ရပါတော့မယ်။
အကြည့်ခံချင်လို့ တိုတာ လား၊ သူများတိုလို့တိုတာလား၊
ဇာတ်ကားတွေထဲကသရုပ်ဆောင် တွေတိုလို့ တိုတာလား၊ ဒါမှမ ဟုတ်
မိမိကမွေးကတည်းကတို လာတာလား။ နည်းနည်းလေး တော့ ပြန်စဉ်းစားသင့်ပါတယ်။
ဘာမှန်းမသိ၊ညာမှန်းမသိရမ်းတို နေကြတာ၊မြန်မာမလေးတွေထမီ မဝတ်တာလား။မဝတ်တတ်တာ
လားဆိုတာမေးလိုက်ချင်ပါတယ်။ ကျွန်ုပ်တို့ငယ်စဉ် လေးငါး ခြောက်နှစ်လောက်အထိ
အတို နဲ့ပဲနေခဲ့တာပါ။(ပုဆိုးတို၊ ဘောင်း ဘီတိုကိုပြောတာပါ) ဘောင်းဘီ
တိုဆိုတာကတော့ ငယ်ငယ်က ရှားပါးပစ္စည်းပါ။ အမှန်အတိုင်း ဝန်ခံရရင်
ဖ်င္ပုဆိုး၊ ဖ်င္အက်ႌ ပဲဝတ္ခဲ့ရတာပါ။ အခုတော့ ဖျင် ပုဆိုး၊ ဖျင်အင်္ကျီဆိုတာ
ရှားပါး ပစ္စည်းတစ်ခုလိုဖြစ်နေပါတယ်။
ကာလ၊ ဒေသအချိန်အခါ ကိုကြည့်ပြီးတိုကြပါလို့ တောင်း ပန်ပါရစေ။
ဘုရားသွားလည်း အတို၊ ကျောင်းသွားလည်းအတို၊ အလှူမင်္ဂလာပွဲသွားလည်းအတို
နေရာတိုင်းလိုလို အတိုတွေဖြစ် နေရင် မြန်မာ့ရိုးရာဝတ်စားဆင် ယင်မှုတွေကို
ဘယ်မှာသွားရှာ ရမှာလဲ။ ပြတိုက်ထဲမှာလား၊ စာ အုပ်ထဲမှာလား။ ဟိုးအရင်တုန်း က
ဒို့မြန်မာအမျိုးသမီးတွေ ဒီလို ဝတ်ဆင်ခဲ့ကြတယ်ဟု ပါးစပ် ရာဇဝင်ထဲမှာလား။
ဒါဆိုဘယ်မှာ လိုက်ရှာရမှာလဲ။တောရွာတွေ မှာတော့မြန်မာ့ရိုးရာဝတ်စားဆင်
ယင်မှုတွေ ရှိလိမ့်မယ်ဆိုပြီး ယောင်မှားလို့ သွားမရှာလိုက်ပါ နဲ့။
ရွာထိပ်ရောက်တာနဲ့ ရွာထဲ က အတိုအကွဲတွေထွက်လာလို့
နောက်ကြောင်းပြန်လှည့်လာရပါ လိမ့်မယ်။ ဘုရားဟောနိပါတ်တော်ထဲ မှာ
ဥဒေါင်းငှက်လေးတစ်ကောင် ကို ရွှေဟင်္သာမလေးနဲ့ စုလျား
ရစ်ပတ်ထိမ်းမြားလက်ထပ်ပေး လိုက်တဲ့အချိန်မှာဥဒေါင်းငှက်လေး
ဟာအလွန်ပျော်ကာပွဲတက်လာ တဲ့လူကြီးလူကောင်းတွေ Sorry ငှက်ကြီး
ငှက်ကောင်းတွေကြား ထဲမှာ“ငါကွဥဒေါင်း”ဆိုပြီးမာန်တက်
ကာအားရပါးရက,ပြပါတော့တယ်။ ရှေ့ကကြည့်တော့ ဥဒေါင်း ငှက်ကလေးကလှပါတယ်။ နောက်
ကကြည့်တော့ ဟိုဟာ ပေါ်နေ တာပေါ့။
အဲဒီအခါမှာ ငှက်တွေ အားလုံးကဝိုင်းပြီးလှောင်ကြတာ ပေါ့။ ယောက္ခမဖြစ်တဲ့
ဟင်္သာ ကြီးကလည်း “ငါ့သမီးနဲ့နင့်ကို လုံးဝ မပေးစားနိုင်ဘူး” ဆိုပြီး
လက်ထပ်ပွဲကို ချက်ချင်းဖျက် သိမ်းလိုက်ပါတော့တယ်။ ဒီStory လေးကပေးတဲ့
သင်ခန်းစာကတော့ အချိန်အခါ ကိုကြည့်ပြီး ဝတ်စားဆင်ယင် တတ်ဖို့ပါပဲ။
ဥဒေါင်းငှက်လေး ဟာ အလှမာန်တက်လို့ အရှက် ရကာ မိမိရလာမယ့်လာဘ်ကို ပင်
လွဲချော်လို့သွားခဲ့ရပါတယ်။ အချိန်အခါ၊ နေရာဒေသကြည့် ပြီး
ဝတ်စားဆင်ယင်နေတတ် ထိုင်တတ်ကြပါစေ။
ပေတံနဲ့တိုင်းတယ်ပဲပြော ပြော၊ စာအုပ်တွေဖတ်ပြတယ်ပဲ ပြောပြော၊
ပြောချင်ရာသာပြော ပါတော့။ နောက်ဆုံးအနေနဲ့ နှိုး
ဆော်တိုက်တွန်းလိုက်ချင်ပါတယ်။ “မြန်မာဣတ္ထိယအပေါင်းတို့ ဗျို့ ...
မြန်မာ့ယဉ်ကျေးမှုပွဲ လမ်းသဘင်နဲ့ဘုရားကျောင်းကန် သွားတဲ့အခါ မြန်မာဆန်ဆန်
ဝတ်စားဆင်ယင်ပေးကြပါခင်ဗျာ” IT နဲGlobalization ခေတ်မှာ မြန်မာဆိုတာ ကမ္ဘာ
သိပါစေ ....။
ရွှေထီး(ကမ္ဘားတဲ)
No comments:
Post a Comment