
အချိန်အများကြီးပေးပြီး ရိုက်ကူးရတယ်။ ကျွန်တော့်ဘက်ကလည်း စိတ်ရှည်ရှည်နဲ့ ရိုက်ကူးထားပေးတယ်။ အောင် လအတွက်တော့ ဒီကားလေးက မှတ်တိုင်လေး ဖြစ်မှာပါ”လို့ပြောတဲ့ လူမင်းက ဒီဇာတ်ကားလေးက အောင်လနဲ့ လိုက်ဖက်မယ်ထင်လို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုယ့်အတွက်ထက် ကလေးတွေအတွက်ကို ပိုပြီးဦးစားပေး ရိုက်ကူးပေးထားကြောင်း ပြောပါတယ်။ အနုပညာရှင် တော်တော်များများက သရုပ်ဆောင်မှုအပြင် သူတို့ရဲ့ နောက်ထပ်ဝါသနာ စိတ်ကူးတွေကို ပုံဖော်လာတာ တွေ့ရပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လူမင်းကလည်း သရုပ်ဆောင်အပြင် ကိုယ် တိုင်ဒါရိုက်တာပါ လုပ်ဖြစ်လာပါတယ်။ လက်ရှိမှာ ဒါရိုက်တာလုပ်ဖြစ်နေရခြင်း အကြောင်းကို လူမင်းက”ဒါရိုက်တာအနေနဲ့ တစ်နှစ်မှာ ဘယ်နှကားရိုက်ရမှာဆိုတာကို သတ်မှတ်ထားတာမရှိပါဘူး။ ကိုယ့်ကိုရိုက် ဖြစ်လာအောင် နှိုးဆော်လာတာက ကျွန်တော့်ရဲ့အာရုံပေါ့။ ဒါရိုက်တာက အပင်ပန်း ဆုံးပဲ။ အဓိကကတော့စိတ်ပင်ပန်းတာပေါ့။ အဲဒီ စိတ်ပင်ပန်းတာကို သိသိကြီးနဲ့ ဘာကြောင့်လုပ်ချင်လဲဆိုတော့ လုပ်ချင်တဲ့စိတ်က ဖြစ်ပေါ်နေတာ။ ဒါရိုက်တာဆိုတာက သူ့စိတ်ကူးထဲက အရုပ်တွေကို အားလုံး ကြည့်နိုင်အောင် ရိုက်ပြရတာ။ တချို့တွေကျတော့လည်း စိတ်ကူးပေါ်လာသလောက် ချပြလို့မရဘူး”လို့ ပြောပြီး သရုပ်ဆောင်မှုပိုင်းနဲ့ပဲ ပိုပြီးမြင်တွေ့ရ မှာဖြစ်ကြောင်း ပြောပါတယ်။
တွယ်တာ
No comments:
Post a Comment