တာမွေ အ၀ိုင်း အနီး အောင်ချမ်းသာ အိမ်ရာတွင် ယနေ့သြဂုတ် ၂၈ ရက် ၇နာရီ ၄၀
 မိနစ်ကျော်က တွေ့ရသော ဗုံးဟု ယူဆရသည့် အထုပ်မှာ ဗုံးမဟုတ်ကြောင်း 
ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက 7Day News ၏ မေးမြန်းမှုကို 
ပြန်လည်ဖြေကြားသည်။
အောင်ချမ်းသာအိမ်ရာတွင် ယနေ့နံနက်ပိုင်းက 
ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ယင်းအိမ်ရာတွင် နေထိုင်သူများက ပြောသည်။
 ပေါက်ကွဲပစ္စည်းဟု ယူဆရသော အရာကို ယင်းအိမ်ရာတွင် ရပ်တန့်ထားသော အဖြူရောင် 
မီနီလိုက်ထရပ်ကား နောက်ခန်းအတွင်းတွင် ကြွပ်ကြွပ်အိတ်အမည်းဖြင့် 
ထုပ်ထားခြင်းကို ယင်းကား၏ ယာဉ်မောင်းက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း 
အထက်ပါ ပုဂိုလ်များက ပြောသည်။
ဗုံးဟု မသင်္ကာဖွယ်ရာ အဆိုပါပစ္စည်းကို တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ 
တာဝန်ရှိသူများ လာရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး နံနက် ၁၀ နာရီ ခန့်က 
ယူဆောင်သွားခဲ့သည်။ အဆိုပါ သံသယဖြစ်ဖွယ် အထုပ်ကို အောင်ချမ်းသာအိမ်ရာရှိ 
ဒီလှိုင်းစာစောင်ရုံးခန်း မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ခြမ်းတွင် ရပ်ထားသော 
ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ကားထဲမှတွေ့ရခြင်းဖြစ်သည်။
 

 
 

No comments:
Post a Comment