
နာမည်ပျက်ခြင်း မဟုတ်ဘဲ သရုပ်ဆောင် ရဲမင်းပိုင်လည်း အမည်ပျက်စာရင်းတွင် ပါဝင်ခဲ့သည်ကို တွေ့ရသည်။ ရဲမင်းပိုင်သည် နို့ဘိုးဒုက္ခသည်စခန်းသို့ သွားရောက်ခဲ့ကြောင်း၊ ထိုမှတဆင့် တတိယနိုင်ငံတခုသို့ သွားရောက် ခိုလှုံခဲ့ကြောင်း ထိုင်းမြန်မာနယ်စပ်မှ လာသော သတင်းများက ဆိုသည်။ မို့မို့မြင့်အောင်ကို ရုပ်ရှင်/ဗီဒီယို ဇာတ်ကားများစွာတွင် ထောင်ထွက်၊ ကနားစီး၊ ခေါင်းရွက်ဈေးသည်၊ အထက်တန်းကျောင်းသူ၊ သီလရှင် စသည့် ဇာတ်ကောင်စရိုက်မျိုးစုံဖြင့် တွေ့မြင်ကြရသည်။ လက်ဝှေ့သမားအဖြစ်လည်း သရုပ်ဆောင်ခဲ့ဖူးသည်။ သူကိုယ်တိုင်လည်း လက်ဝှေ့ပွဲကြည့်ခြင်းကို ၀ါသနာပါသူဖြစ်သည်။ “မမို့က လက်ဝှေ့ပွဲတွေကို အရမ်းသဘောကျတာ၊ ပွဲကောင်းတွေဆိုရင် လူမမှတ်မိအောင် ရုပ်ဖျက်ပြီး သွားကြည့်ရတယ်” ဟု မို့မို့မြင့်အောင်က ပြောကြားခဲ့ဖူးသည်။ မို့မို့မြင့်အောင်သည် ၁၉၈၀ ပြည့်နှစ်က မွန်းတည့်ချိန်တွင် နေ၀င်သည် ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ရောက်ရှိခဲ့သည်။ နှလုံးသားမြို့တော် (၁၉၈၅)၊ ခပ်စိမ်းစိမ်း နေပါ့မယ် (၁၉၈၉)၊ သမီးနှင့်အမေများ (၁၉၉၁)၊ မသုဓမ္မစာရီ (၁၉၉၆) ၊ မြင့်မိုရ်ထက်က သရဖူ (၂၀၀၈) ဇာတ်ကားတို့တွင် အကယ်ဒမီဆုများ ရခဲ့သည်။ အမည်ရင်း မမွှေး၊ ကျောင်းအမည် မြင့်မြင့်ခိုင် ဖြစ်ခဲ့သော အကယ်ဒမီများရှင် မို့မို့မြင့်အောင်သည် အသက် ၅၂ နှစ် ရှိပြီဟု သိရသည်။
No comments:
Post a Comment