ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အေသင်ချိုဆွေက ပြေတီဦးရဲ့ အတွင်းရေးမှူး နေရာမှာ သရုပ်ဆောင်ထားပါတယ်။ အခုလို ဝါရင့်အကယ်ဒမီဆုရှင်နှစ်ဦးနဲ့ တွဲသရုပ်ဆောင်ရတဲ့အပေါ်မှာ အေသင်ချိုဆွေက "ဒီကားမှာ ကိုပြေတီဦးရဲ့ အတွင်းရေးမှူးပုံစံလေးပေါ့။ အိမ်ထောင်ရေး ပညာပေး ဇာတ်လမ်းပုံစံပါ။ စိတ်ကျရောဂါ ခံစားနေရတဲ့ ကိုပြေတီဦးကို ကူညီတာပါ။ အဲဒီလိုပုံစံလေးပါပဲ။ အကယ်ဒမီဆုရှင်နှစ်ဦးနဲ့ တွဲသရုပ်ဆောင်ရတော့ ကိုယ့်အတွက် ပညာတွေ ရတာပေါ့။ အေသင်လည်း ကြိုးစားထားပါတယ်" လို့ ပြောပါတယ်။ ဇာတ်ဝင်ခန်းမှာ သတို့သမီးပုံစံ ပြင်ဆင်ထားတဲ့ အေသင်ကို ကိုယ့်အလှည့်ကျရင်
ဘယ်လိုပုံစံလုပ်မှာလဲလို့ မေးကြည့်တော့ "အေသင်ကတော့ လုပ်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့။ စိတ်ကူးထားတဲ့ ပုံစံကတော့ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်မှာပါ။ အဝေးကြီး လိုပါသေးတယ်။ အခုတော့ ပရိသတ်အတွက်ပဲ အေသင် ကြိုးစားနေပါတယ်။ ရှိလာရင်တော့ ပြောမှာပေါ့" လို့ ပြောသွားပါတယ်။ ရိုက်ကွင်းပေါ်မှာ မျက်စိနာနေတဲ့ အေသင်ချိုဆွေကို "ဒီဇာတ်ကားက ငိုရတဲ့အခန်းတွေ များတယ်လေ။ ခဏခဏ ငိုရတော့ မျက်စိက နာသွားတယ်။ မျက်စိနာပေမယ့် ရိုက်ကွင်းကို အေသင် မပျက်ပါဘူး။ မျက်စိနာပေမယ့် အမှတ်တရပဲပေါ့။ ရိုက်ရင်းနဲ့ရတာကိုး" လို့ ပြောပြပါတယ်။ ဒုတိယအခွေဖြစ်တဲ့ 'အနီးဆုံးလူနမ်းမှာလား' ဗီစီဒီကို "သိပ်မကြာခင်အတွင်းမှာ ပရိသတ်တွေကို ချပြပါ့မယ်။ အခု အေသင် ဗီစီဒီရိုက်နေပါပြီ။ စောင့်ရတဲ့ ပရိသတ်တွေကိုလည်း အားနာလှပြီ။ အမြန်ဆုံး၊ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားနေပါတယ်။ အေသင်ရဲ့ တတိယအခွေ စီဒီက သီတင်းကျွတ်ရင်ပြီးပြီ။ တတိယအခွေမှာတော့ ကိုကြက်ဖ၊ ကိုသြရသ ပါမယ်။ သီချင်းအသစ်တွေ ပါမယ်။ ကော်ပီတွေလည်း တစ်ပုဒ်၊ နှစ်ပုဒ် ထည့်မယ်။ အေသင်ကိုယ်တိုင်ရေးထားတာ နှစ်ပုဒ်လောက်ပါမယ်" လို့ ပြောပါတယ်။ ဇာတ်ကားရိုက်ပြီးရင်တော့ အခွေအတွက် ဆက်တိုက် လှုပ်ရှားသွားမှာပါလို့လည်း အေသင်ချိုဆွေက ပြောပါတယ်။ ထူးထူး

No comments:
Post a Comment