ဧဒင်အချစ်ပုံပြင်: တရုတ်တွင်၂ နှစ်ရွယ်ကလေးကို ကားဖြင့်တိုက်မိပြီး ထွက်ပြေးသွားသူကို ထောင်ဒဏ် ၃ နှစ်ခွဲချမှတ်

Friday 7 September 2012

တရုတ်တွင်၂ နှစ်ရွယ်ကလေးကို ကားဖြင့်တိုက်မိပြီး ထွက်ပြေးသွားသူကို ထောင်ဒဏ် ၃ နှစ်ခွဲချမှတ်


ယမန်နှစ်အောက်တိုဘာလက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း ဖိုရှန် မြို့တွင် လမ်းလျောက်တတ်ကာစ
၂ နှစ်အရွယ်ကလေးတစ်ဦးကို ကားဖြင့်တိုက်မိပြီး ထွက်ပြေးမောင်းနှင်သွားသော ကားသမား ဟူဂျန်ကို ဖိုရှန်တရားရုံးကထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင်သတင်းမီဒီယာကိုဖော်ပြထားချက်ကို ဘီဘီစီသတင်းတွင်ဖော်ပြထားသည်။ ဝမ်ယွီး ဟုအမည်ရသော လမ်းလျောက်တတ်ကာစက ၂ နှစ်သာရှိသေးသောမိန်းကလေးငယ်ကို အဆိုပါကားသမား ဟူဂျန်က ကားဖြင့်တိုက်မိခဲ့ပြီးနောက် နောက်ထပ်ကားတစ်စီးကလည်း ဝင်ရောက်တိုက်ကာ ထွက်ပြေးမောင်းနှင်သွားခြင်းဖြစ်သည်။
လုံခြုံရေးကင်မရာတွင်တွေ့ရှိချက်အရ အဆိုပါကားတိုက်ခံရသူကလေးငယ်ကို လမ်းသွားလမ်းလာ ၁၈
ဦးကလည်း ကြည့်တစ်စုံတစ်ရာ ကူညီမှုမပြုခဲ့ခြင်းအတွက်လည်း တရုတ်လူ့အဖွဲ့အစည်းအပေါ်ဝေဖန်စရာများဖြစ်လာခဲ့သည်။
ကားဖြင့်တိုက်ခံခဲ့ရသူ ဝမ်ယွီးကို အမှိုက်ကောက်သူ အမျိုးသမီးတစ်ဦးက ကူညီပေးခဲ့ပြီး၊ဆေးရုံသို့ပို့ပေးခဲ့သော်လည်း ကလေးမှာ ရက်အနည်းငယ်အကြာတွင်သေဆုံးသွားခဲ့သည်။
ကားဖြင့်တိုက်မိပြီး ထွက်ပြေးသွားသူ ဟူဂျန်သည် ယင်းဖြစ်ရပ်အပြီးတွင် ရဲစခန်းတွင်ကိုယ်တိုင်အဖမ်းခံခဲ့ပြီး၊ကလေးငယ်အတွက်ဆေးဝါးစားရိတ်များကိုထောက်ပံ့ပေးခဲ့ခြင်းကြောင့် တရားရုံးက သက်ညှာသောအားဖြင့်ထောင်ဒဏ် ၃ နှစ်ခွဲသာချမှတ်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံး၏ အမိန့်ချမှတ်ရာတွင်ဖော်ပြထားသည်
အဆိုပါ ကလေးငယ်ကို နောက်ထပ်ကားဖြင့်တိုက်မိခဲ့သော ကားသမားနှင့်ပတ်သက်၍မူ အဆိုပါသတင်းတွင်တစ်စုံတစ်ရာဖော်ပြထားခြင်းမရှိပေ။
ယင်းဖြစ်ရပ်တွင် ကားတိုက်ခံရသောကလေးကို ကူညီခြင်းမရှိသည့် လမ်းသွားလမ်းလာများနှင့်ပတ်သက်၍ စီးပွားရေးဖွံ့ဖြိုးလာသော တရုတ်လူ့အဖွဲ့အစည်း၏ ဂရုဏာတရားကင်းမဲ့လာမှုကို အချို့ကဝေဖန်ထောက်ပြပြောဆိုလျက်ရှိသည်။
သို့သော် တရုတ်နိုင်ငံတွင် ထိခိုက်ဒဏ်ရာရသူများက ၎င်းတို့ကို ကူညီကယ်ဆယ်ပေးသူများကို တရားစွဲဆိုလေ့ရှိခြင်းကြောင့် လူအများအနေဖြင့် ဝင်ရောက်ကူညီရန်ကြောက်ရွံ့ကြခြင်းလည်းဖြစ်ကြောင်း ရှန်ဟိုင်းရှိ ဘီဘီစီသတင်းထောက် ဂျွန်ဆတ်ဝေါ့သ် ကပြောကြားသည်။
သို့သော် တချို့အမြင်အရမူ တရားဥပဒေမှာ ပြဿနာ၏ အဖြေတစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး၊ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပြီး၊မြို့ပြဖြစ်ထွန်းမှုကြီးထွားလာခြင်းကြောင့် အစဉ်အလာ လူ့ကျင်ဝတ်တန်ဖိုးများကို အားနည်းသွားခြင်းမျိုးဖြစ်ဖွယ်ရှိ မရှိကိုမူမေးခွန်းထုတ်လျက်ရှိကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...