ဧဒင်အချစ်ပုံပြင်: ကြေးမုံ စာတည်းမှူးချုပ်၏ မေဇွန်ကိစ္စ ဖော်ပြမှုဆိုင်ရာ ပန်ကြားချက်

Friday, 21 September 2012

ကြေးမုံ စာတည်းမှူးချုပ်၏ မေဇွန်ကိစ္စ ဖော်ပြမှုဆိုင်ရာ ပန်ကြားချက်


 ကြေးမုံ သတင်းစာရဲ့ စာတည်းမှူးချုပ်ကတော့ သတင်းစာမှာ ဖော်ပြခဲ့တဲ့ မေဇွန်နဲ့ ပတ်သက်ပြီး ဒေါက် တာ စေတနာရဲ့ ဆောင်းပါးဟာ တရားရုံးက စစ်ဆေးခြင်း မပြုမီကြိုင်တင်ပြီး ဆေးပညာ ရှု့ထောင့်က သုံးသပ်တင်ပြထားခြင်းနဲ့ပတ်သက်ပြီး စာဖတ်သူများကို အကြောင်းပြန်ကြား ချက် ထုတ်ပြန်လာပါပြီ။ 

အမျိုးသမီးတချို့ ရာဇ၀တ်မှု ကျူးလွန်ခဲ့မှုနဲ့ပတ်သက်ပြီး ဆောင်းပါးရှင်က ပြစ်မှု ကျူးလွန်သူ အမျိုးသမီး အပေါ် ဖြစ်တတ်တဲ့ ရောဂါနဲ့ နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်း ရေးသားတင်ပြခဲ့ခြင်းဟာ တရားရုံးက မစစ်ဆေးခင် ကြိုတင် လမ်းကြောင်းတဲ့သဘောဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒါဟာ စာတည်းအဖွဲ့ရဲ့ တည်းဖြတ်မှု အားနည်းချက်သာဖြစ်ပြီးနောက်နောင် အလားတူ အဖြစ်မျိုး ထပ်မံ မပေါ်ပေါက်ရေး အလေးထား ဆောင်ရွက်သွားမယ်လို့ စာဖတ်သူတွေကို အနူးအညွတ် အသိပေးအပ်တယ်
ဆိုပြီး ကြေးမုံ သတင်းစာမှာ ဖော်ပြထားပါတယ်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...