ဧဒင်အချစ်ပုံပြင်: စစ်ကိုင်းမြို့ သမန်းကုန်း ဘုရားဝင်းအတွင်းမှ ဗုဒ္ဓရုပ်ပွားဆင်းတု ဦးခေါင်း တော်များ ပျောက်ဆုံး

Saturday, 22 September 2012

စစ်ကိုင်းမြို့ သမန်းကုန်း ဘုရားဝင်းအတွင်းမှ ဗုဒ္ဓရုပ်ပွားဆင်းတု ဦးခေါင်း တော်များ ပျောက်ဆုံး


 
စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက် သမန်းကုန်း ဘုရားဝင်းအတွင်းမှ ဘုရားဆင်းတု များ၏ ဦးခေါင်းတော်များနှင့် ရ
ဟန္တာ ရုပ်တုတော်များ ပျောက်ဆုံးနေကြောင်း သတင်းအရ စစ်ကိုင်းမြို့ အမှတ်(၁) ရဲစခန်းမှ ဒုတိယရဲအုပ်
လှိုင်မြင့်နှင့် တပ်ဖွဲ့ ဝင်များ၊ ပိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း
သတင်းရရှိသည်။
သမန်းကုန်း ဘုရားလှိုဏ်ဂူတော် အတွင်းမှ ဉာဏ်တော်အမြင့်(၃၆) လက်မ ထိုင်တော်မူ ကျောက်ဆင်းတု ဘု
ရားမှ (၇)လက်မခန့်ရှိ ဦးခေါင်းတော် တစ်လုံး၊ ရွှေဘုန်းပွင့်ဘုရား လှိုဏ်ဂူ အတွင်းမှ ဉာဏ်တော် အမြင့်(၂၇)
လက်မ ခန့်ရှိ ထိုင်တော်မူ ကျောက်ဆင်းတုဘုရားမှ(၇)လက်မ ခန့်ရှိ ဦးခေါင်းတော်တစ်လုံးနှင့် ကျောက်ဆင်း
တု (၁၅)လက်မခန့်ရှိ ထိုင်တော်မူ ရဟန္တာရုပ်တု(၂)ဆူ၊ ဗောဓိရွှေညောင်ပင် အောက်မှ ဦးခေါင်း တော်တစ်
လုံး အသီးသီး ပျောက်ဆုံးလျက် ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

ဘုရားဆင်းတုများ၏ ဦးခေါင်းတော်များနှင့် ရဟန္တာ ရုပ်တုတော်များသည် စက်တင်ဘာ ၈ ရက် ညပိုင်းတွင်
ပျာက်ဆုံးခဲ့ခြင်း ဖြစ်ပြီးတရားခံများအား အမြန်ဆုံးဖမ်းမိရေး အတွက် တာဝန်ရှိသူများက စုံစမ်း ဆောင်ရွက်
လျက် ရှိကြောင်းသိရသည်။

  Royal Hero Media

1 comment:

  1. ငရဲကြီးမှာ ကြောက်ကြဖူးလားမသိဘူး

    ReplyDelete

Related Posts Plugin for WordPress, Blogger...