ဧဒင်အချစ်ပုံပြင်: ထိုင်းရဲမဖမ်းသော မဲဆောက်နေ့တစ်နေ့ (သို့) ခြိမ့်ခြိမ့်သဲသဲ မဲဆောက်ကတရုတ်ဘုံကျောင်း ဆန်လှူပွဲ-

Thursday 6 September 2012

ထိုင်းရဲမဖမ်းသော မဲဆောက်နေ့တစ်နေ့ (သို့) ခြိမ့်ခြိမ့်သဲသဲ မဲဆောက်ကတရုတ်ဘုံကျောင်း ဆန်လှူပွဲ-


(Photoထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များကစည်းကမ်းထိန်းနေကြစဉ်)


ဒီကနေ့ကတော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ နေ့စဉ်နေ့တိုင်း ထိုင်းရဲက မြန်မာပြည်သားတွေကို ခါတိုင်းနေ့တွေလို မဖမ်းဆီးတော့ဘဲ မရှိဆင်းရဲသားတွေ တရုတ်ဘုံကျောင်းဆန်လှူပွဲလာတာကို မဖမ်းပါနဲ့လို့ တရုတ်ဘုံကျောင်း တာဝန်ရှိသူ တွေ (၀ါ) တရုတ်ကုန်သည်ကြီးများက ပန်ကြားထားတာမို့ ထိုင်းရဲမဖမ်းသော မဲဆောက်နေ့တစ်နေ့ရယ်လို့ ကင်ပွန်းတပ်ရင် တောင် ရနိုင်လောက်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မုနိထိတရုတ်ဘုံကျောင်းဆိုတာက မဲဆောက်ရဲစခန်းဘေး မှာ အထင်အရှားရှိပြီး ဆန်အပါအ၀င် တိုလီမိုလီစားစရာတွေကို နှစ်စဉ်မပျက်လှူဒါန်းလာတာဟာ အခုဆိုရင် အနှစ် ၄၀ ရှိ ခဲ့ပါပြီ။ မနှစ်က မြန်မာပြည်သားမရှိဆင်းရဲသား လူ ၁ သောင်းစာ လှူဒါန်းခဲ့ပြီး ဒီနှစ်မှာတော့
လူ ၁ သောင်းစာလှူဒါန်းမှာ ဖြစ်ပါတယ်။ ကဲ…ပြောနေကြာပါတယ်။ မြန်မာပြည်သားတွေ တစ်နေရာထဲ စုမိရင် တိုးကြ ဝှေ့ကြ ကျော်တက်ကြနဲ့ တချို့ ယောင်္ကျားအရင့်အမာကြီးတွေ ဖြစ်လျက်နဲ့ မိန်းမတွေကို တွန်းထိုးပြီး ကျော်တက်ကြတာဟာ “လောဘရှေ့ထား-မြန်မာပြည် သားကွ ” ရယ်လို့ အနာဂတ် ဒီမိုကရေစီနိုင်ငံအတွက် ဒီလိုလူစား ခပ်များများဆိုရင်တော့ တော်တော်ရင်လေးစရာပါပဲ။

                                                              (ဆန်ဝေပွဲစပြီ)


(တိုးသလားလို့မမေးနဲ့၊ တို့မြန်မာပြည်သားများဆိုသလေ၊ ဝေလေလေတဲ့)
(သာမန်အခြေအနေမှာ လာဖို့ဝန်လေးတဲ့ မဲဆောက်ရဲစခန်း ဧရိယာထဲမှာ အခုလို ခေတ္တ နေရာယူကြ)
(သာမန်အခြေအနေမှာ လာဖို့ဝန်လေးတဲ့ မဲဆောက်ရဲစခန်း ဧရိယာထဲမှာ အခုလို ခေတ္တ နေရာယူကြ)
ကြည့်လေဗျာ။ ဒီနေ့မနက်ပိုင်းက ဆန်အလှူခံမယ့်သူတိုင်းကို ညာလက်ကောက်ဝတ်နားမှာ တရုတ်ဘုံကျောင်းက ဆန် အလှူခံခွင့် တံဆိပ်ထုပေးလိုက်တယ်။ အဲ…မွန်းလွဲပိုင်း ဆန်အလှူခံပြီးချိန်မှာ အဲဒီတံဆိပ်ထုထားတာကို နီးစပ်ရာရေနဲ့ဖျက် ပြီး ကျေးဇူးရှင်များက နောက်တစ်ကြိမ် ၀င်တန်းစီအလှူခံပြန်ရော။ ဒီဆင်းရဲသား အမည်ခံမြန်မာပြည်သားတွေထဲမှာ ဆိုင်ကယ် နဲ့ ဘာနဲ့ အခြေအနေကောင်းသူတချို့ကလည်း ၀င်တန်းစီပြီး အတွေ့အကြုံယူသလိုလို ဘာလိုလိုနဲ့ အခွင့်အရေးယူသွားတာပါပဲ။“ဆန် ၅ ကီလို၊ မာမားခေါက်ဆွဲခြောက် ၂ ထုပ်၊ ပါဝင်မှာဖြစ်ပြီး ကာလတန် ကြေး ဘတ် ၁၈၀ ကနေ၊ ဘတ် ၂၀၀ နီးပါး တန်ဖိုးရှိပါသတဲ့။

         (အထုပ်တွေမှာဘာတွေပါ)

တကယ့်တကယ်တမ်း ဆန်းစစ်ကြည့်ရင် မရှိဆင်းရဲသား အမည် ခံ မြန်မာပြည်သားတွေ စည်းမရှိ ကမ်းမရှိနဲ့ တိုးဝှေ့ကျော်တက်ကြတာ၊ ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တချို့က တုတ်နဲ့ တားရ၊ ရိုက်ရ၊တာကိုကြည့်ပြီး အဲဒီတရုတ်ကုန်သည်ဆိုသူတွေနဲ့ မိခင်ထိုင်းနိုင်ငံသားတွေဟာ မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ် လှောင်ပြုံး ပြုံးနေကြတာကို အမိမြန်မာပြည်က သမ္မတကြီးနဲ့ ၂၀၀၈ ဖွဲ့ စည်းပုံနဲ့ အစိုးရကြီးကို လာကြည့်စေချင်ပါရဲ့ဗျာ။ ။
by-jacba

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...