ဧဒင်အချစ်ပုံပြင်: အင်ဒိုနီးရှား ရှေးဟောင်း ဘိုရိုဘိုဒါ ဘုရားကျောင်း ခြိမ်းခြောက်ခံနေရ

Saturday, 22 September 2012

အင်ဒိုနီးရှား ရှေးဟောင်း ဘိုရိုဘိုဒါ ဘုရားကျောင်း ခြိမ်းခြောက်ခံနေရ




အင်ဒိုနီးရှား နိုင်ငံရှိ ဘိုရိုဘူဒါ (Borobodur) ရှေးဟောင်း ဘုရားကျောင်း အဆောက် အဦးကိုတိုက်ခိုက်ရန် အကြမ်း ဘက် သမားများက  ခြိမ်းခြောက်နေသည်ဟု အင်ဒိုနီးရှား ထောက်လှမ်းရေး အဖွဲ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။ အင်ဒိုနီးရှားမှ Military Commander Brig. Gen. Adi Widjaja  သောကြာနေ့ က ပြောကြားရာတွင် နိုင်ငံခြာသားများ အများဆုံး လာရောက်အဆိုပါ အဆောက်အဦးကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံရွယ်နေ သည်ဟု ပြောသည်။ ယခုအခါ အင်ဒိုနီးရှား ထောက်လှမ်းရေး တပ်ဖွဲ့မှ အကြမ်းဖက်သမားများ၏ တိုက်ခိုက်လာနိုင်မည့် သတင်းအချက်အလက်များကို စုဆောင်းနေသည်ဟု ပြောသည်။

ရရှိထားသော သတင်းအချက်အလက်များကို ယခု အခါ လေ့လာ သုံးသပ်နေပြီး ရရှိထားသာ အချက်အလက်များမှာ တိုက်ခိုက်မည့် အစီအစဉ်မျိုး ရှိနေသည်ဟု မပြောနိုင်သေးကြောင်း Adi Widjara ပြောသည်။

ယူနက်စကို (UNESCO ) မှ ကမ္ဘာ အမွှေအနှစ် အဖြစ် သတ်မှတ်ထားသော  ဘိုရိုဘိုဒါ ဘုရားကျောင်းအား ၁၉၈၅ နှစ်က တစ်ကြိမ် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

အဆိုပါ တိုက်ခိုက်မူအား အကြမ်းဘက် အဖွဲ့  Ibrahim (or)  Mohammad Jawad alias Kresna  အဖွဲ့ ပြုလုပ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် စေတီတော် ၉ဆူပျက်စီးခဲ့ ရသည်ဟု သိရသည်

နိရဉ္စရာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...