ဧဒင်အချစ်ပုံပြင်: စိတ်ရောဂါသည် တစ်ဦး တိုက်ခိုက် မှုကြောင့် မူလတန်း ကလေးငယ် သုံးဦး သေဆုံး

Monday, 24 September 2012

စိတ်ရောဂါသည် တစ်ဦး တိုက်ခိုက် မှုကြောင့် မူလတန်း ကလေးငယ် သုံးဦး သေဆုံး

တရုတ် နိုင်ငံ တောင်ပိုင်းရှိ မူလတန်း ကျောင်း တစ်ခု၌ ပုဆိန်ဖြင့် တိုက်ခိုက်မှု ကြောင့် ကလေး သုံးဦး သေဆုံး၍ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ မီဒီယာ များက စက်တင်ဘာ  ၂၁ ရက်တွင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ကွမ်ရှီ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ပင်နန်ခရိုင် အတွင်းရှိ မူလတန်းကျောင်း တစ်ကျောင်းမှ ကလေး အုပ်စု တစ်စုအား စိတ်ရောဂါ သည်လူတစ်ဦးက ပုဆိန်ဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကလေးငယ် များအား တိုက်ခိုက်ခဲ့ သည့် ဝူအမည်ရှိ အမျိုးသားအား ယခု အခါ အာဏာပိုင် များက ဖမ်းဆီး ခဲ့ပြီးနောက် အနီး တစ်ဝိုက်တွင် လုံခြုံရေးကို တိုးမြှင့် ချထား ခဲ့သည်။  အဆိုပါ တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ အာဏာပိုင် များက  စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။ 
ထို့အပြင် တရုတ် နိုင်ငံ၌ ၂ဝ၁ဝ ပြည့်နှစ် အတွင်း ကလည်း ကလေးများ အား တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ကလေး ၁၅ ဦး သေဆုံး၍ ၈ဝ ကျော်ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။        
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...