ဧဒင်အချစ်ပုံပြင်: ဆေးခြောက်သုံးလျှင် ဝှေးစေ့ကင်ဆာ ဖြစ်နိုင်

Thursday, 20 September 2012

ဆေးခြောက်သုံးလျှင် ဝှေးစေ့ကင်ဆာ ဖြစ်နိုင်

အပျော် သဘောဖြင့် ဆေးခြောက် ရှူခြင်း၊ ဟင်းထည့် ခတ်၍ စားခြင်း စသဖြင့် သုံးစွဲသူများအား ဝှေးစေ့ ကင်ဆာဖြစ်နိုင်ခြေ အခွင့်အလမ်း ပို များကြောင်း သိရပါတယ်။ ဝှေးစေ့ကင်ဆာဟာ အသက် ၁၅ နှစ်မှ ၄၅ နှစ်အတွင်း လူငယ်များတွင် အဖြစ်အများဆုံးသော ကင်ဆာ ဖြစ်ပါတယ်။
ဒီလိုအဖြစ်များလာရခြင်း ရဲ့ အကြောင်းရင်းဟာ သတိမပြုမိဘဲ ပတ်ဝန်းကျင်ဆိုင်ရာ ထိတွေ့မှုများ ကြောင့်ဖြစ်တယ်လို့ သုတေသီများ က သံသယရှိနေကြပါတယ်။ ဝှေးစေ့ကင်ဆာဖြစ်နေတဲ့ လူငယ် ၁၆၃ ယောက်ဟာ မိမိကိုယ်ကို ဆေးခြောက်သုံးစွဲနေသူဖြစ်ကြောင်း ဝန်ခံသတင်းပို့ခဲ့ကြသူများ ဖြစ်ပါတယ်။

သုတေသီများ တွေ့ရှိခဲ့တဲ့ အခြားတစ်ချက်ကတော့ ဆေးခြောက်သုံးစွဲ နေသော သူများသည် မသုံးစွဲသူများ ထက် ဝှေးစေ့ကင်ဆာဖြစ်နှုန်း ပိုများ နေခြင်းဖြစ်ပါတယ်။ အချို့သောဝှေးစေ့ကင်ဆာအမျိုးအစားများဟာ ရောဂါအလားအလာ ဆိုးဝါးလေ့ရှိပြီး လူငယ်များတွင် အဖြစ်များပါတယ်။
မောင် Ref: Healthcare Asia.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...