ဧဒင်အချစ်ပုံပြင်: တရုတ်နိုင်ငံမှ အမျိုးသမီး တစ်ဦး ဆင်တစ်ကောင်၏ ခြေထောက် အရွယ်မျှ ကြီးမားလာသည့် သူမ၏ ခြေထောက်ကို ကုသမှုခံယူရန် ပိုက်ဆံမတတ်နိုင်ခြင်းကြောင့် ဖြတ်တောက်ပစ်ရန် စဉ်းစားနေ

Friday, 21 September 2012

တရုတ်နိုင်ငံမှ အမျိုးသမီး တစ်ဦး ဆင်တစ်ကောင်၏ ခြေထောက် အရွယ်မျှ ကြီးမားလာသည့် သူမ၏ ခြေထောက်ကို ကုသမှုခံယူရန် ပိုက်ဆံမတတ်နိုင်ခြင်းကြောင့် ဖြတ်တောက်ပစ်ရန် စဉ်းစားနေ

 
တရုတ်နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ဆင်တစ်ကောင်၏ ခြေထောက် အရွယ်မျှ ကြီးမားလာသည့် သူမ၏ခြေထောက်ကိုကုသမှုခံယူရန်ပိုက်ဆံမတတ်နိုင်ခြင်းကြောင့် ဖြတ်တောက်ပစ်ရန် စဉ်းစားနေကြောင်း သိရသည်။ လူဆောသည် ခြေထောက်တွင် ပြန်ရည်ကြော အဖွဲ့အစည်း ပြဿနာကြောင့်ရောင်ကိုင်းကြီးထွားလာ မှုနှင့် ကြုံနေရသည်။လူသည်လွန်ခဲ့သည့်(၅)နှစ်ကသူမ၏ပထမဆုံးကလေးကိုဖွားမြင်ခဲ့ပြီးနောက် ယခုပြဿနာစ
တင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

ယခုအခါ ခြေထောက်သည် အငယ်ဆုံး သမီးငယ်၏ ခါးအရွယ်မျှထိ တုတ်ခိုင် ကြီးမားနေသည်။ ကလေး(၂)
ဦး၏ မိခင်ဖြစ်သော လူသည် တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ ဂျီအန်ဇီးဒေသမှ ရွာလေးတစ်ရွာတွင် နေထိုင်သည်။


သူမသည် ခင်ပွန်းသည် ယန်ယီဖာ၏ လယ်အလုပ်နှင့် အိမ်အလုပ်များကို ကူညီပေးလိုသော်လည်းအဆင်မ
ပြေဘဲ ဖြစ်နေသည်။ ယန်ကိုယ်တိုင်မှာလည်း တီဘီရောဂါကို အပြင်းအထန် ခံစားခဲ့ရသူ ဖြစ်သည်။ 
 
လူသည် သူမ၏ ခြေထောက်ကိုကုသလိုသော်လည်း ငွေကြေး ချို့တဲ့မှုကြောင့် ဖြတ်ပစ်ရန်အတွက်ဆရာဝန်
များအား တိုင်ပင်ခဲ့သည်။ "တကယ်တော့ ကိုယ့်ခြေထောက်ကို ကိုယ်ဆက်ပြီး ရှိစေချင်တာပေါ့။ဒါပေမဲ့ လော
aလာဆယ်ကတော့ ရွေးစရာ မရှိတော့ပါဘူး"ဟု လူက ဝမ်းနည်းပက်လက် ပြောကြားခဲ့သည်။

ခင်ပွန်းသည် ယန်က "ကျွန်တော်တို့ ခုလောလောဆယ် မျှော်လင့်နိုင်တာက ဆေးရုံက ကျွန်တော့်ဇနီးရဲ့ ခြေ
ထောက် ဖြတ်တောက်ဖို့ကို အခမဲ့ ကူညီပေးဖို့ တစ်ခုတည်းပါပဲ"ဟု ဖွင့်ဟသွားသည်။
 
Planet Myanmar Media:

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...