ဧဒင်အချစ်ပုံပြင်: အတုယူဖွယ် ရာလု ပ်ဆောင် ချက်

Thursday 6 September 2012

အတုယူဖွယ် ရာလု ပ်ဆောင် ချက်

ဗြိတိသျှတော်ဝင် ရေတပ်မှ စစ်သင်္ဘော တစ်စင်းသည် ဝေးလံ သီခေါင် လှသည့် ကျွန်းလေးတစ်ခုပေါ်မှ အရေးပေါ်အကူအညီတောင်းခံမှု
ကြောင့်မိုင်(၂၀ဝ၀)ခရီးကို အလျင်စလို ခုတ်မောင်းခဲ့ရကြောင်းသိရသည်။
ထရစ္စတန်ဒါကွန်ဟာကျွန်းလေးသည် လူဦးရေ(၂၇၀)မျှ သာရှိပြီး ၄င်းတို့အားကိုးအားထားပြုနေရသည့် ဆေးဝန်ထမ်းမှာလည်း နာမကျန်းဖြစ်နေသည်။ထို့အပြင်ကျွန်းပေါ်တွင်ရှိနေသူ အားလုံး၏ ထက်ဝက်မျှသည်ချောင်းဆိုးပန်းနာဝေဒနာစွဲကပ်နေသဖြင့် ဆေးဘက် ဆိုင်ရာအကူအညီပေးရန် ပန်ကြားခဲ့ရာ HMS Dauntless သင်္ဘောက ယခုလိုခရီးပြင်းနှင်ခဲ့ခြင်းဖြစ်သည်။ တောင်အာဖရိကမှထွက်ခွာ သွား သောသင်္ဘောသည်မုန်တိုင်းထန်နေသောလောရာစပီရာကို ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့သည်။ သူမသည် နှလုံး
ဖောက်ပြန်မှုဝေဒနာ ခံစားနေရသည့်ဆေးဝန်ထမ်းကိုရဟတ်ယာဉ် ပေါ်ပြန်တင်ပေးလိုက်ပြီး နောက်ကယ်ဆယ်ရေး Mission ကို စတင်ခဲ့ကြောင်း
သိရသည်။
ဗြိတိန် ပိုင်ဖြစ်သော ထရစ္စတန်ဒါကွန်ဟာ ကျွန်းလေးသည်အာဖရိက အနောက်ဘက်ကမ်းလွန်တွင်တည်ရှိပြီး သီခေါင်လွန်းလှသဖြင့် ကျွန်းပေါ်တွင်ပထမဆုံးရုပ်မြင်သံကြားအစီအစဉ်ကို၂၀ဝ၁ခုနှစ်မှ ထုတ်လွှင့်နိုင်ခဲ့သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...