ဧဒင်အချစ်ပုံပြင်: NED ဒီမိုကရေစီဆုပေးပွဲနဲ့ ဦးမင်းကိုနိုင်၏ ရုပ်သံ သတင်းစကား

Friday, 21 September 2012

NED ဒီမိုကရေစီဆုပေးပွဲနဲ့ ဦးမင်းကိုနိုင်၏ ရုပ်သံ သတင်းစကား


 NED ၏ ဒီမိုကရေစီဆုပေးပွဲတွင် တွေ့ရသော ဆုရသူ ၅ ဦးထဲက ၄ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- မယ်တော် ဆေးခန်း

မြန်မာနိုင်ငံက ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတို့ အတွက် တက်ကြွလှုပ်ရှားသူ ၅ ဦးကို အမေရိကန် ပြည်ထောင်စု ၀ါရှင်တန် ဒီစီအခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့အစည်း တခုဖြစ်သည့် National Endownment for Democracy- NED က ဒီနှစ် အတွက် ဒီမိုကရေစီ ဆု Democracy Award များ စက်တင်ဘာလ ၂၀ ရက်နေ့က ချီးမြင့် အပ်နှင်းခဲ့ပါတယ်။ 

ဆုရရှိခဲ့သူတွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးကျော်သူ (သရုပ်ဆောင်)၊ ဒေါက်တာ စင်သီယာမောင် နဲ့  ဦးအောင်ဒင် တို့ဖြစ်ကြပါတယ်။ 


ဒီဆုပေးပွဲကို ယမန်နေ့က ဒေသစံတော်ချိန် ညနေ ၃ နာရီက ၄ နာရီအထိ ကျင်းပခဲ့ရာမှာ အမေရိကန် 
ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။ 

 NED ဥက္ကဌဖြစ်တဲ့ မစ္စတာ RichardGephardt၊ အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် နန်စီ ပလိုစီ၊ အ ထက် လွှတ်တော် ရီပတ်ပလီကင် ခေါင်းဆောင် မစ္စတာ ဂျွန်မက်ကိန်းနဲ့ အမေရိကန် အရာရှိကြီး တဦးဖြစ်တဲ့ ဂျိုးခရိုလီ တို့ လည်း အသီးသီး တက်ရောက်ခဲ့ကြတာပါ။ 

ထူးခြားတာကတော့ ဆုပေးပွဲကို မတက်ရောက်နိုင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ပါ။ 

သူက လုပ်ဖော်ကိုင်ဖက်များနဲ့ အတူတူ နိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့တာကို သူနဲ့ နောက်ထပ် ၂ ဦး ကိုသာ နိုင်ငံကူးလက်မှတ် လာရောက် ထုတ်ယူနိုင်ကြောင်း အကြောင်းကြားခဲ့ပေမယ့် လုပ်ဖော် ကိုင်ဖက် များနဲ့ အတူတူ မထုတ်ပေးခဲ့လို့ အမေရိကန် ကို အဆိုပါ ဆုလာရောက်ယူရန် ခရီးစဉ်ကို ပယ်ဖျက်ခဲ့ လိုက်တာပါ။ 

ဒါပေမယ့် သူက ဆုပေးတဲ့အဖွဲ့အစည်းနဲ့ လူပဂ္ဂိုလ်တွေ၊ အခြား ဆုရသူတွေ၊ ဆုပေးပွဲ တက်ရောက်လာ သူတွေနဲ့ ဆုကို တန်ဘိုးထားလေးစားတဲ့အတွက် ဗီဒီယို ရုပ်သံ သတင်းစကား ဦးမင်းကိုနိုင်က ပြောဆို ထားတာကို အခု ဖော်ပြပေးလိုက်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...