ဧဒင်အချစ်ပုံပြင်: ဘယ်သူ့ကိုမှလည်း အနိုင်မယူချင်သလို ဘယ်သူ့ကိုမှလည်း အရှုံးမပေးချင်ဘူးဆိုတဲ့ စိုးမြတ်သူဇာ

Saturday 13 October 2012

ဘယ်သူ့ကိုမှလည်း အနိုင်မယူချင်သလို ဘယ်သူ့ကိုမှလည်း အရှုံးမပေးချင်ဘူးဆိုတဲ့ စိုးမြတ်သူဇာ

သရုပ်ဆောင်အပြင် စာရေးဆရာ တစ်ယောက်အနေနဲ့ပါ ပရိသတ်ကြိုက်တဲ့ အကယ်ဒမီ  စိုးမြတ်သူဇာကို စာရေးတာနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါ တယ်။ "လောကကြီးမှာ အမှန်မဟုတ်ဘဲနဲ့ အပြောခံရတာ စွပ်စွဲခံရတာတွေကတော့ တစ်ပုံကြီးပါပဲ။ အထူးသဖြင့် မကြီးတို့ အနုပညာ လောကမှာဆိုရင် ပိုတောင်ဆိုး သေးတယ်။ မကြီးဆိုတစ်ခါမှတောင် မမြင်ဖူး၊ မတွေ့ဖူး၊ မကြုံဖူးဘူး။ တစ်ခါမှ မကြားဖူးတဲ့ လူတွေနဲ့လည်း ပေးစားခံရတယ်။ ဟုတ်လားလို့ မေးကြည့်၊ ဘယ်သူ ကမှလဲမပြောကြဘူး။ မြင်လားလို့မေးကြည့်၊ ဘယ်သူကမှ လည်းမမြင်ဘူး။ နင်တို့ ငါ့ကို လက်ညှိုးထိုးပြပါ၊ နင်တို့တွေ့သလားမေးကြည့် ဘယ်သူမှမဖြေကြ ဘူး။ လေသံဖမ်း တရားနာပြီးလျှောက်ပြောနေတာ။ ဘဝမှာ အရမ်းအပြောခံရ တယ်။
မကြီးစာအုပ် အသစ်ကိုရေးနေပါပြီ။ အခုနောက်ဆုံးရေးထားတဲ့ စာအုပ်က မပြီး သေးဘူး။ ရေးလို့ကိုမပြီးသေးတာဆိုတော့ ဘယ်တော့လောက်ထွက်မ လဲ ဆိုတာ ပြောလို့မရသေးဘူးပေါ့။ မကြီးအနာဂတ်အတွက် ပူနေရမယ့်ဟာမျိုးကို တွေးမပူ ချင်တော့လို့ ရည်မှန်းချက်မထားတော့ဘူး။ တစ်နေ့အတွက်
တစ်နေ့ ကောင်း ကောင်းလေးနေတယ်။ ကောင်းကောင်းလေးကြိုးစားတယ်။ ကိုယ့်ပတ်ဝန်းကျင် မှာရှိတဲ့ လူတွေ၊ ဥပမာ - ဒီနေ့ သူနဲ့တွေ့ရင် သူ့ကိုအဆင်ပြေအောင် ထားလိုက် မယ်။ မကြီးက day by day သွာံးတယ်။ မကြီးဘယ်သူ့ကိုမှလည်း အနိုင်မယူ ချင်ဘူး။ ဘယ်သူကိုမှလည်း မကြီးအရှုံးပေးမှာမဟုတ်ဘူး" လို့ အကယ်ဒမီ စိုးမြတ်သူဇာက ပြောကြားသွားခဲ့ပါတယ်

M.H.K

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...