“ကိုယ့်မြန်မာနိုင်ငံက ပရိသတ်တွေကျ တော့ ကိုယ်နဲ့ အမြဲတမ်းထိတွေ့လေ့ရှိတယ်။
ဟိုက ပရိသတ်တွေလည်း တအားအားပေး ကြပါတယ်။
ပြည်ပကျတော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် သွားရလာရတာ ခက်ခဲ တယ်။
အဲဒါလေးတစ်ခုပါပဲ”လို့ ပြောပါ တယ်။ “အနီးဆုံးလူနမ်းမှာလား” ဗီစီဒီကို တန်
ဆောင်မုန်းလပြည့်နေ့မှာ ထွက်ရှိတော့မှာဖြစ် ကြောင်း ၊တစ်ခွေလုံးနီးပါးကို
ဒါရိုက်တာ ဇေပါက ပုံဖော်ရိုက်ကူးပြီး ဇေယျ၊ကောင်းခန့်၊ သန္တာဗို၊
မြတ်သူအောင်၊ မြတ်သူကျော်၊ မိုးယံ ဇွန်တို့က ပါဝင်သရုပ်ဆောင်ထားပြီး အေ
သင်ချိုဆွေကိုယ်တိုင်ကလည်း ၁ဝပုဒ် လောက် သရုပ်ဆောင် ထားကြောင်းပြောပါ တယ်။
‘အနီးဆုံးလူနမ်းမှာလား’ဗီစီဒီကို အကောင်းဆုံးကြိုးစား ပုံဖော်ထားကြောင်း
ပြောတဲ့ အေသင်ချိုဆွေက..“ဒီအခွေက ထူးခြားမယ် လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်လမ်းပုံစံတွေ ရိုက်ထားတာလည်း ရှိတယ်။ အဓိကရိုက်တာ ကျတော့ ‘နှစ်ယောက်တစ်အိပ်မက်’ သီချင်းရိုက် တာကလည်း ထူးခြားတယ်။ ဒါပေမဲ့ တအား ကြီးထူးခြားတာတော့ ပါမှာမဟုတ်ဘူး။ဘာ ဖြစ်လို့လဲ ဆိုတော့ ဒီအခွေက သီချင်းတွေက အေးအေးလေးတွေ လည်းဖြစ် တယ်။ Story ဇာတ်လမ်း ပုံစံလေးတွေ ရိုက်ထားတယ်”လို့ ပြောတဲ့အေသင်ချိုဆွေက သူ့ရဲ့ ဒုတိယ တစ် ကိုယ်တော် စီးရီး ကိုလည်း ဇန်နဝါရီလမှာထွက် ရှိမှာဖြစ်ကြောင်း ပြောပါတယ်။
တွယ်တာ

No comments:
Post a Comment