အသက်(၅၀)စွန်းစွန်း ထိုင်းအမျိုးသမီးတစ်ဦးဟာ သူမ၏ခင်ပွန်း
နောက်ကွယ်တွင် ဖောက်ပြန်နေသည်ဟု လာပြောတဲ့ သူများအပြောကို ယုံစားပြီး
အကယ်၍များ ၎င်းတို့ကွဲကွာပါက သူမအတွက် ငွေပိုရအောင် ခင်ပွန်းမသိခင်
စင်္ကာပူဒေါ်လာ (၆)သိန်းကျော်ကို သူမ၏ ထိုင်းဗေဒင်ဆရာ အကြံဥာဏ်ပေး
တိုက်တွန်းချက်အရ ကန်ထရိုက်တာတစ်ဦးအား တရုတ်နိုင်ငံတွင်
ရင်းနှီးမြှုပ်နှံမှုပြုရန် ခိုးပေးခဲ့ကြောင်း သိရသည်။သို့ပေမယ့် နောက်များတွင် အသက်(၄၁)နှစ်အရွယ် ထိုကန်ထရိုက်တာက သူမနှင့်သူဟာ တိတ်တိတ်ပုန်း ချစ်ကြိုက်ဖောက်ပြန်နေကြောင်း သူမခင်ပွန်းကို ပြောဆိုမည်ဟု ခြိမ်းခြောက်ခဲ့သည့်အတွက် ၎င်းတောင်းသော စင်္ကာပူဒေါ်လာငါးသောင်းကို ထပ်မံပေးခဲ့ရကြောင်း သိရသည်။
သူမက ထိုငွေပြန်ရလိုမှုအတွက် တရားရုံးတွင် အမှုစွဲရာ ထိုကန်ထရိုက်တာက သူမနှင့်သူ ချစ်ကြိုက်နေစဉ် သူမက ၎င်းအား ချစ်လက်ဆောင်အဖြစ် ထိုငွေများကို ပေးခဲ့တာဖြစ်ကြောင်း ငြင်းခုန်ထွက်ဆိုခဲ့တာမို့ တရားရုံးတွင် ဧပြီလက သူမအမှုရှုံးခဲ့ပေမယ့် သူမက အယူခံထပ်ဝင်ရာတွင် ယခု ဗုဒ္ဓဟူးနေ့က ထိုကန်ထရိုက်တာ၏ စကားလုံးများဟာ အခြေအမြစ်မရှိဘူးဟု တရားရုံးကဆုံးဖြတ်ကာ သူမ၏ငွေကို သူမအား ပြန်လည်ပေးဖို့ တရားရုံးက အမိန့်ချခဲ့ကြောင်း သိရသည်။
No comments:
Post a Comment