
ဟုခွဲခြားသိမ်းယူခြင်းမဟုတ်သည့်အတွက် စက်မှုဇုန် အပိုင်း (၁)အတွက် သိမ်းယူခံရသော လယ်သမားများအားလည်း တန်းတူ နစ်နာကြေးရရှိရန်အတွက် ၀ါဝါ၀င်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးရန် ဆိုတဲ့ အချက်နှစ်ချက် ပါပဲ ဒီလိုကျွန်တော်တို့ ဆန္ဒပြတဲ့အတွက် ကားတွေနဲ့ လမ်းသွားလမ်းလာတွေကို တားဆီးပိတ်ပင်တာမျိုး အနှောင့်အယှက်ဖြစ်စေတာမျိုး မဖြစ်ရပါဘူး ကျွန်တော်တို့ဆန္ဒပြတာဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၅၄/ကခ )မှာပါတဲ့ “နိုင်ငံသား တိုင်းသည် မိမိတို့၏ ထင်မြင်ယူဆချက်နဲ့ ယုံကြည်ချက်များကို လွတ်လတ်စွာဆန္ဒထုတ်ဖေါ်ခွင့်ရှိသည် လက်နက်မပါပဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ရှိသည် “ဆိုတဲ့ အချက်နဲ့အညီ ဆန္ဒပြတာပါ တကယ်လို့ ကုမ္ပဏီင်္က ပြေလည်အောင်ညှိနှိုင်းပေးမယ်ဆိုရင် ကျွန်တော်တို့ဒီဆန္ဒပြပွဲကို ချက်ခြင်းရပ်လိုက်မှာပါ မဟုတ်လို့ရှိရင်တော့ ကျွန်တော်အပါအ၀င် လယ်သမား (၇၂)ဦးတို့က အဖမ်းခံရရင်ခံရပါစေ ဆက်လက်ဆန္ဒပြမှာပါ”ဟု ဦးဆောင်ဆန္ဒပြသူဦးဝင်းချိုမှ အသိပေးပြောကြားခဲ့သည်။
No comments:
Post a Comment