ဧဒင်အချစ်ပုံပြင်: မဲဆောက်မြို့မှ သိုးမွှေးစက်ရုံအချို့တွင် နေ့စဉ်အလုပ်မလုပ်ရ၍ မြန်မာအလုပ်သမားအချို့ ထိုင်းအလုပ်သမားရုံးထံ ဆက်သွယ်တိုင်ကြား-

Tuesday, 9 October 2012

မဲဆောက်မြို့မှ သိုးမွှေးစက်ရုံအချို့တွင် နေ့စဉ်အလုပ်မလုပ်ရ၍ မြန်မာအလုပ်သမားအချို့ ထိုင်းအလုပ်သမားရုံးထံ ဆက်သွယ်တိုင်ကြား-

(ဂျက်ဘာနှင့် အက်စ်ဒီဖက်ရှင်သိုးမွှေးစက်ရုံအလုပ်သမားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးနေကြစဉ်)


ထိုင်းမြန်မာနယ်စပ်၊ တာ့ခ်ခရိုင် မဲဆောက်မြို့ရှိ အက်စ်ဒီဖက်ရှင်သိုးမွှေးစက်ရုံ (မြန်မာတို့အ ခေါ် - ချန်ပီယံစက်ရုံ) နှင့် ကေဘီစီသိုးမွှေးစက်ရုံ စသည်တို့တွင် စက်ဆွဲဌာနများမှ မြန်မာ အလုပ်သမားများသည် နေ့စဉ်ပုံမှန်အလုပ်လည်းမရှိ၊ အလုပ်မရှိသည့်ရက်မှာလည်း ရက် ၂၀ ကျော်လာသဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့ခ်ခရိုင်အလုပ်သမားကြီးကြပ်ကာကွယ် ရေးရုံး (ထိုင်းအခေါ် - ဆ၀ါဒီကန်) သို့ ဆက်သွယ်တိုင်ကြားထားကြကြောင်း သတင်းရရှိ သည်။ ထိုသို့ ဆက်သွယ်တိုင်ကြားရာတွင်လည်း ဆ၀ါဒီကန်ရုံးမှ အလုပ်ရှင် ဘက်ကိုသာ တွေ့ဆုံခဲ့ပြီး အလုပ်သမားများတောင်းဆိုထားသော အလုပ်မရှိလျှင် နေ့စဉ်လုပ်အားခ ၅၀ ရာခိုင်နှုန်းကို လတ်တလောငြင်းပယ်ထားကြောင်း သိရသည်။ ထိုင်းအလုပ်သမား ကာကွယ် ရေး အက်ဥပဒေ (ဘီအီး - ၂၅၄၁/1998) တွင် အလုပ်ရှင်မှ နေ့စဉ်ပုံမှန် အလုပ်မပေးနိုင်လျှင် အလုပ်သမားသည် နေ့စဉ်လုပ်အားခ၏ ၅၀ ရာခိုင်နှုန်းခံစားပိုင်ခွင့်ရှိကြောင်း ပြဌာန်းထား သည်။
by-JACBA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...