
တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ (၄၆)ကြိမ်မြောက် အာရှကာယဗလနှင့် ကြံ့ခိုင်မှု
အားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားသုံးဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ကြပါတယ်။ အမျိုးသားကာယဗလ
ပြိုင်ပွဲမှာ မြန်မာနိုင်ငံဟာ နှစ်စဉ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် မြန်မာ အမျိုးသမီးတွေကတော့
ဒီနှစ်မှ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။
ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်တယ် ဆိုပေမယ့် မြန်မာအမျိုးသမီးတွေတတိယဆုနှင့် ပဉ္စမဆုကို
ရယူနိုင်ခဲ့ ပါတယ်။
"အခုလို အာရှအဆင့်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ရယူနိုင်ခဲ့တာဟာမြန်မာအမျိုးသမီးအတွက်
ဂုဏ်ယူရမှာ ပါ။ နောက်ပြီးပြိုင်ပွဲပုံစံဟာ မြန်မာလူမျိုး၊ မြန်မာအမျိုးသမီးတွေအတွက် ခက်ခဲစေ
ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်အလှပေါ်လွင်စေမယ့် ၀တ်စုံ တွေကို ၀တ်ဆင်ရလို့ပါပဲ။
အခုမြန်မာ အမျိုးသမီးတွေ သွားရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲကModel Physique and Fitness
Physique လို့အမည်ရပြီးကမ္ဘာမှာ ကျင့်သုံးနေတာတော့ ကြာပါပြီ။
အာရှမှာဆိုလည်း မြန်မာတစ်နိုင်ငံ လောက်သာ ၀င်မပြိုင်ဖြစ်တာ။ ကျန်တဲ့ နိုင်ငံတွေက အမျိုးသမီး
တွေက နှစ်စဉ်ဝင်ပြိုင်ကြတယ်။ အဲဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်မယ်တွေက ရင်၊ တင်၊ ခါး ဘယ်လောက်
ဆိုတာမျိုး ပြိုင်ရတာမျိုး မဟုတ်ဘူး။ အမျိုးသမီးတွေ ကိုယ်ကာယကြံ့ခိုင်မှုဘယ်လောက်ရှိလဲဆိုတာ
ပြသ တဲ့ပုံစံပဲ။
နောက်ပြီး အဆီပိုတွေရှိလို့မရဘူး။ အကုန်လုံးက ကျစ်လျစ်နေရမယ့်အပြင် နွဲ့နှောင်းနေရမယ်။
ယောက်ျားတွေလို တောင့်တောင့်ကြီး ဖြစ်နေရင်လည်း အမှတ်လျော့တယ်။ ပြိုင်ပွဲဝင်မိန်းကလေး
တစ်ယောက်ဖြစ်ဖို့ တော့မလွယ်ဘူး။ ယောက်ျားတွေနီးပါးလောက် ပင်ပန်းပါတယ်"လို့ အေးအေးစိုး
ရဲ့ နည်းပြဆရာကိုမောင်မောင်ကြည်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
အသက် ၂၃ နှစ်သာရှိသေးတဲ့သူဟာ ဒီကိုယ်ကာယအားကစားကို လေ့လာလိုက်စားလာတာ
ခုနစ်နှစ်ကျော်ပြီလို့ သိရပါတယ်။ သူရဲ့ပထမဆုံးပြိုင်ပွဲက တော့ ဇွန်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်
ခဲ့တဲ့Mr.Crusher & Ms.Quench ပြိုင်ပွဲလို့ သိရပါတယ်။
ဒီပြိုင်ပွဲမှာ အေးအေးစိုးက ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာပြိုင်ပွဲမှာ မြန်မာအမျိုးသမီး
တွေ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်သလိုပဲ ပြိုင်ပွဲအတွေ့အကြုံနည်းပါး တဲ့ အေးအေးစိုး
အတွက်ကလည်း ဒီပြိုင်ပွဲဟာ သူ့ရဲ့ပထမဆုံးနိုင်ငံတကာ ပြိုင်ပွဲပါလို့ဆိုပါတယ်။
သူ့ရဲ့ပြိုင်ပွဲဝင်အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး အေးအေးစိုးက "ဒီပြိုင်ပွဲက တကယ်ထူးခြားတဲ့ပြိုင်ပွဲပါ။
ကိုယ်ကာယ ကြံ့ခိုင်မှုပြိုင်ပွဲဆိုပေမယ့် ပြိုင်တဲ့အခါမှာ မော်ဒယ်တွေလိုပဲ ပြိုင်ရတာပါ။ သူတို့ရဲ့ အမှတ်
ပေးပုံက ဆံပင်စတိုင်၊ မျက်နှာ အပြင်အဆင်၊ ကိုယ်နေဟန်ထား၊ ကျန်တာတွေကတော့ ကြွက်သား
တွေ ရှိသင့်တဲ့နေရာမှာရှိရမယ်။
ဒါတွေကို ကြည့်ပြီး အမှတ်ပေးကြတာဆိုတော့ အစစအရာရာ အကုန်သတိထားပြီး ပြိုင်ရတယ်။
"ကျွန်မတို့လို ဩိနူ ဏ့ပျငဆကန အားကစားကို မြန်မာမိန်းကလေးတွေကိုလိုက်စားစေချင်တယ်။
ပြိုင်ပွဲဝင် တစ်ယောက်လောက်ထိ စိတ်မ၀င်စား လည်း ကျန်းမာရေးအရ ပုံမှန်ကစားသင့်ပါတယ်။
ဒီကမိန်းကလေးတွေ တွေးကြောက်ကြတာက ဒီလိုကစား လိုက်ရင် လက်မောင်းတို့၊ ပေါင်တို့များ
အရမ်းကြီးသွားမလားဆိုပြီးတော့ စိုးရိမ်ကြတယ်။
ဒီလို ပုံမှန်ကစားရုံလောက်နဲ့ အဲဒီလောက်မကြီးနိုင်ပါဘူး။ ကျစ်လျစ်ပြီး လှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်
တဲ့ မိန်းကလေးတစ်ဦးက ကျန်းမာရေး အတွက် အထူးကောင်းမွန်စေနိုင်ပါ တယ်"လို့ အေးအေးစိုး
ကပြောပါ တယ်။
မြန်မာနိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင် ခဲ့တဲ့ အားကစားသမားသုံးဦးထဲမှာ အမျိုးသား (၆၅) ကီလိုမီတာ
တန်းမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ စိုးမိုးအောင်ဆုရရှိခြင်းမရှိကြောင်း သိရပါတယ်။ မြန်မာအမျိုးသား
ကာယဗလ အားကစား သမားများအနေနဲ့ အာရှအဆင့်ပြိုင်ပွဲ တွေမှာ အောင်မြင်မှု နည်းပါးနေပါ
သေးတယ်။
"မြန်မာကာယဗလအားကစားသမား တွေ အာရှအဆင့်ပြိုင်ပွဲတွေမှာ မအောင် မြင်တာဟာ လိုအပ်တဲ့
ဆေးဝါး၊ အစား အသောက်ပစ္စည်းတွေနဲ့ ပတ်သက်ပါ တယ်။ တကယ်ဆိုရင် ကိုယ်ကာယအားကစား
သမားတစ်ယောက်အတွက် အစားအသောက်စရိတ်က အင်မတန်ကြီးမားပါတယ်။ တစ်နေ့တာ
အတွက်စားသောက်ရတဲ့ အသားဖိုးက ကျပ်၁၀,၀၀၀ အထက်မှာရှိပါတယ်။
ဒါလူတိုင်းမတတ်နိုင်တဲ့ ငွေကြေးပမာဏပါ။ နောက်ပြီး ချမ်းသာတဲ့ အီရန်တို့ တရုတ်တို့လိုနိုင်ငံမျိုး
တွေနဲ့ ယှဉ်ပြိုင်ရတဲ့ အတွက် အားနည်းချက်တွေရှိပါတယ်" လို့ ကိုယ်ကာယနည်းပြ
ဦးမောင်မောင်ကြည်က ပြောပြခဲ့ပါတယ်။
ယခုကျင်းပပြုလုပ်တဲ့ (၄၆) ကြိမ်မြောက် အာရှကာယဗလနှင့် ကြံ့ခိုင်မှုပြိုင်ပွဲကြီးကို အာရှကာယ
ဗလအဖွဲ့ချုပ်က ကြီးမှူးကျင်းပခြင်း ဖြစ်ပါတယ်။အာရှကာယဗလအဖွဲ့ချုပ်ကို ၁၉၅၉ ခုနှစ်က မြန်မာ
နိုင်ငံအပါအ၀င် နိုင်ငံခြောက်နိုင်ငံက စတင်တည်ထောင်ခဲ့ ကြပြီး အခုအချိန်မှာတော့ အဖွဲ့ဝင်နိုင်ငံ
ပေါင်း ၄၀ အထိပါဝင်လာခဲ့ကြပြီး အမျိုးသား၊ အမျိုးသမီးကာယဗလနှင့်ကြံ့ခိုင်မှုပြိုင်ပွဲတွေကို
နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရပါ တယ်။
No comments:
Post a Comment