ဧဒင်အချစ်ပုံပြင်: အမေရိကန်ဈေးကွက်တွင်စတင်ပြသချိန်၌ဝင်ငွေအကောင်းဆုံးဂျိမ်းစဘွန်း ဇာတ်ကားအဖြစ်”Skyfall”ရပ်တည်(vedio)

Monday, 26 November 2012

အမေရိကန်ဈေးကွက်တွင်စတင်ပြသချိန်၌ဝင်ငွေအကောင်းဆုံးဂျိမ်းစဘွန်း ဇာတ်ကားအဖြစ်”Skyfall”ရပ်တည်(vedio)

နောက်ဆုံးထွက်ရှိထားသည့်ဂျိမ်းစဘွန်းဇာတ်ကား”Skyfall”သည် အမေရိကန်ဈေးကွက်တွင်ရုံတင်ပြသခဲ့သောဂျိမ်းစဘွန်းဇာတ်ကားတို့အနက်
စတင်ပြသချိန်၌ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ်ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။ “Skyfall”သည်စတင်ပြသသည့်သီတင်းပတ်ကုန်ဆုံးရက်တွင် အမေရိကန်ရုပ်ရှင်ကြည့် ပရိသတ်တို့ထံမှရုံဝင်ငွေဒေါ်လာ ၈၉သန်းရရှိခဲ့နိုင်ဖွယ်ရှိသည်ဟုခန့်မှန်းထားကြသည်။ ထို့အပြင်ကမ္ဘာတစ်ဝန်းမှလည်းရုံဝင်ငွေ ဒေါ်လာသန်း၅၀၀ကျော်ရရှိထားသည်ဟုလည်းသိရသည်။ ထိုရုံဝင်ငွေပမာဏသည် ယခင်ကထွက်ရှိခဲ့သောဂျိမ်းစဘွန်းဇာတ်ကားတို့ထက် ပိုမိုများပြားလျက်ရှိနေပြီး ၂၀၀၆ခုနှစ်ကထွက်ရှိခဲ့ပြီး ထိုစဉ်ကဝင်ငွေအကောင်းဆုံးဂျိမ်းစဘွန်း ဇာတ်ကားအဖြစ်ရပ်တည်နိုင်ခဲ့သော “Casino Royale”ဇာတ်ကားထက်ဝင်ငွေပိုမိုရရှိနိုင်မည့် လမ်းကြောင်းပေါ်သို့ရောက်ရှိနေပြီဖြစ်သည်။ “Casio Royale”ဇာတ်ကားသည်ကမ္ဘာတစ်ဝန်းမှ ရုံဝင်ငွေဒေါ်လာ၅၉၄သန်းကျော်ရရှိခဲ့သည်။
ဂျိမ်းစဘွန်းအဖြစ်ဒင်နီရယ်ခရေ့ဂ်တတိယအကြိမ်မြောက်သရုပ်ဆောင်ထားသော ယခုဇာတ်ကားသည် ဥရောပတစ်ဝန်းမှရုံဝင်ငွေဇယားတို့ကိုဦးဆောင်လျက်ရှိနေသကဲ့သို့ ဘရာဇီး၊ အိန္ဒိယနှင့်မက္ကဆီကိုတို့တွင်လည်း ရုံတင်ပြသလျက်ရှိနေသည်။ ထို့အပြင် ဂျိမ်းစဘွန်းနှစ်၅၀ပြည့်အဖြစ်ထွက်ရှိထားသည့်ယခုဇာတ်ကားတွင်ပါဝင်သူတို့မှာလည်း မီဒီယာ၊ပရိသတ်နှင့်အခြားသရုပ်ဆောင်တို့၏ချီးကျူးမှုကိုရရှိနေကြသည်။ ယခုဇာတ်ကားတွင် ဆိုင်ဘာအကြမ်းဖက်သမားအဖြစ်သရုပ်ဆောင်သောစပိန်မင်းသားဟာဗီးယားဗာဒန်ကို ဗြိတိန်မီဒီယာတို့က အကောင်းဆုံးဂျိမ်းစဘွန်းဗီလိန်အဖြစ်ချီးကျူးရေးသားဖေါ်ပြနေကြသည်။
Source:EW
by- Messenger News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...