နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ
အဆင့်မြင့်ဘောလုံးကွင်း တည်
ဆောက်ရေးလုပ်ငန်းမှ အမိုးကပ်လုပ်
သား ဦးနိုင်ဝင်း(၂၄)နှစ်သည် ဒီဇင်
ဘာ၁၈ရက်နေ့ နံနက်၁၀း၃၀နာရီတွင် ဘောလုံးကွင်းအမိုးထိပ်၌ အမိုးကပ် လုပ်ငန်းလုပ်ကိုင်နေစဉ် ခြေချော်ပြုတ်ကျခဲ့သည်။
နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ကုသထားရာ ယာလက်ပွန်းပဲ့၊ ၀ဲခြေကျင်းဝတ်အရိုးအက်ကွဲဒဏ်ရာ ၁ ချက်စီဖြင့် ဆေးကုသမှု ခံယူနေရာမှညနေ၄း၃၀ အချိန်တွင် သေဆုံးသွားကြောင်း ၊ နေပြည်တော်အမှတ်(၅)ရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၂)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်း-ရဲဇာနည်
Popular News

No comments:
Post a Comment