ကမ္ဘာ့သမိုင်း
တစ်လျှောက်တွင် ကိုက်အား အကောင်းဆုံးသော သတ္တဝါများအနက် ထိပ်ဆုံးနေရာ၌
ရှိနေသည်မှာ ပရန်းညား အနက်ရောင် ငါးများဖြစ်ကြောင်း သိရှိရသည်။
အမေဇုန်မြစ်အတွင်း ရှင်သန်ကျက်စားသော သားစား ပရန်းညား မျိုးစိတ်များအနက်မှ
အဆိုပါ အနက်ရောင် ပရန်းညားများသည် ကိုက်အား အပြင်းထန်ဆုံး ဖြစ်သည်။ ကမ္ဘာဦး ကာလက ရှင်သန် ကျက်စားခဲ့သော T-Rex ဒိုင်နိုဆောကြီးများမှအစ၊ ငါးမန်းဖြူကြီးများထိ အလွန်ကြီးမားသော ကိုက်အားကို ပိုင်ဆိုင်ထားသော်လည်း အစွယ်ငေါငေါ သွားများ ရှိနေသည့် အနက်ရောင် ပရန်းညားများလောက် ကိုက်အား မပြင်းဟု ဆိုသည်။ အနက်ရောင် ပရန်းညားများသည် (၁၅)လက်မမျှထိ အရှည်ရှိတတ်ကြပြီး ၎င်းတို့၏ ကိုက်အားသည် ခန္ဓာကိုယ် အလေးချိန်၏ အဆ(၃၀) ရှိနေကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။
by- Planet
No comments:
Post a Comment