ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။သတ်သွားသူတရားခံအား ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့နယ်ရှိ ယောက်
ဖတော်စပ်သူနေအိမ်၌ နိုဝင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဒေါပုံမြို့နယ်၊ဆိပ်ကမ်းသာလမ်းနှင့်န၀ဒေးလမ်းထောင့်ရှိ သိရိစံ
ဟိုတယ်တွင် သုဝဏ္ဏ၊သင်္ဃန်းကျွန်းမြို့နယ်နေသူ မစိမ့်ဆန်းရင်(ခ)မစိမ့်စိမ့်ယဉ်နှင့်အတူ လာရောက်တည်းခိုသူ
မောင်လေး(ခ)မောင်မောင်လေး(ခ)ဟာနစ်တို့ လာရောက်နေထိုင်ခဲ့ကြောင်း၊ ၂၄ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် ဟာနစ်မှာ ဟိုတယ်တာဝန်ရှိသူများအား မုန့်သွားဝယ်မည်ဟုဆိုကာ ထွက်သွားခဲ့ကြောင်း သိရသည်။
၂၅ ရက်နေ့က နံနက် ၁၁ နာရီတွင် ဟိုတယ်မန်နေဂျာဖြစ်သူမှ တည်ခိုခန်းအားဆက်လက် ငှားရမ်းလိုခြင်းရှိ/မရှိ သိရှိနိုင်ရေးအတွက် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသဖြင့် လူကိုယ်တိုင် အခန်းတံခါးအား သွားခေါက်ခဲ့သော်လည်း မရသဖြင့်၁ နာရီခွဲအချိန်တွင်သန့် ရှင်းရေးလုပ်သားကိုသိန်းပိုင်စိုးနှင့်
အတူ အခန်းအားသော့ဖွင့်ကာ ၀င်ရောက်ခဲ့ကြောင်း၊
ထိုသို့ဝင်ရောက် မစိမ့်ဆန်းရင်မှာ ကုတင်အောက်၌ ပတ်လက်အနေအထားဖြင့်ရင်ဘတ် ၊၀မ်းဗိုက်၊နောက်ကျော
တို့တွင် ထိုးသွင်းဒဏ်ရာများ၊ယာလက်ဖျံ၌ ပြတ်ရှဒဏ်ရာတို့ဖြင့် ပါးစပ်အတွင်း အမြှပ်များထွက်နေပြီး စောင်ဖြင့်
အုပ်လျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့သို့ သေဆုံးနေသည်ကို တွေ့ရှိရ၍ သက်ဆိုင်ရာရဲစခန်းသို့ အကြောင်းကြားမှုများပြုလုပ်ခဲ့ပြီး ဒေါပုံမြို့နယ်ရဲစခန်း
(ပ) ၄၆၇/၂၀၁၂ ၊ပုဒ်မ-၃၀၂ ဖြင့် အမှုစစ်မှ အမှုဖွင့် ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Eleven Media:
No comments:
Post a Comment