ဧဒင်အချစ်ပုံပြင်: သရုပ်ဆောင် အသစ်တွေကို ဇာတ်ကား အစုံကြည့်ပြီး စာဖတ်စေချင်သူ မို့မို့မြင့်အောင်

Wednesday 30 January 2013

သရုပ်ဆောင် အသစ်တွေကို ဇာတ်ကား အစုံကြည့်ပြီး စာဖတ်စေချင်သူ မို့မို့မြင့်အောင်

ဝါရင့်သရုပ်ဆောင် မို့မို့မြင့်အောင်က သရုပ် ဆောင်သစ် များကို ဇာတ်ကားအစုံ ကြည့်စေချင်ပြီး စာဖတ်ကြရန် တိုက်တွန်းပြောဆို လိုက်သည်။
”အဓိက ကတော့ ကိုယ်လုပ်တဲ့ အနုပညာကို  ရူးသွပ်နေရမယ်။ ကုန်ကြမ်း ရှာရမယ်။  ပြီးတော့ ဇာတ်ကောင်တွေ ကိုလည်း ရှာရမယ်။ ဗီဒီယို ဇာတ်ကားတွေ ဘယ်လောက် ရိုက်ရိုက် အဓိက ကတော့ ကားကြီး တစ်ကားလောက်ကို မှတ်ကျောက် ထူနိုင်မှ အနုပညာရှင်ကောင်း တစ်ယောက်လည်း ပိုပြီးတော့ ဖြစ်တာပေါ့။ အဲဒီလို မျိုးတွေလည်း မမို့က ဖြစ်စေချင်တယ်။ အဓိက ကတော့ မဖြစ် မနေ စာဖတ်ရမယ်။ မဖတ်လို့တော့ မရဘူး။ အများကြီးကို ဖတ်ရမယ်။ စာဖတ်တာက ကိုယ့် ကို အသိ
ဥာဏ်တွေလည်း ပေးတယ်။ ဇာတ်တွေ လည်း ပေးတယ်။ ကိုယ့်မှာရှိတဲ့ အင်အားနဲ့ ကိုယ့် ဘာသာကိုယ်လည်း ဇာတ်တွေကို မွေးထုတ်နိုင် ရမယ်။ စာတွေ ဖတ်မှလည်း အဲဒါတွေ ကို လုပ်နိုင် မှာပါ” ဟု မို့မို့မြင့်အောင် က ဆိုသည်။
မို့မို့မြင့်အောင် က တကယ်တမ်း အနုပညာ သမား စစ်သွားပြီ ဆိုရင် အောင်မြင်ခြင်း မအောင်မြင်ခြင်း ဆိုတာတွေက သိပ်မရှိတော့ပဲ သွေးသားက အနုပညာကို ဆာလောင်ပြီး အနုပညာ လုပ်ချင်တဲ့စိတ်ပဲ သိတော့ကြောင်း ပန်းတိုင်ရောက်ပြီ ဆိုပြီးတော့ လက်မထောင် လိုက်ရင်တော့ ကိုယ်အမှားပဲလို့ ပြောပါတယ်။ ယခု လောလောဆယ်တွင် မို့မို့မြင့်အောင် သည် ဒါရိုက်တာ အိအိခိုင်၏ နှလုံးသားဂီတ အလှူ ဇာတ်လမ်းတိုတွင် ရန်အောင်၊ ဝတ်မှုန်ရွှေရည် တို့နှင့် အတူရိုက် ကူးနေကြောင်း သိရသည်။
လွင်လွင်ထွန်း-popularmyanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...