ဧဒင်အချစ်ပုံပြင်: ငွေကျပ်(၆၆၆)သိန်းခိုးယူသူ တက္ကစီယာဉ်မောင်းအား ဖမ်းဆီးရမိ

Monday 21 January 2013

ငွေကျပ်(၆၆၆)သိန်းခိုးယူသူ တက္ကစီယာဉ်မောင်းအား ဖမ်းဆီးရမိ

၇-၁-၂၀၁၃ ရက်နေ့ ၁၃၁၀ အချိန် စမ်းချောင်းမြို့နယ်၊ သီရိခေမာရပ်ကွက်နေ အောင်ဇေယျ(၂၇)နှစ်၊ ““သလ္လာမွန်”” ပဲကုမ္ပဏီကိုယ်စားလှယ်သည် သူငယ်ချင်းဖြစ်သူ နှင်းမောင်မောင် နှင့်အတူ ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ ပြည်လမ်းရှိ ကမ္ဘောဇဘဏ်မှ ကုမ္ပဏီပိုင်ငွေကျပ်(၆၆၆)သိန်းအား ထုတ်ယူ၍ ဘဏ်အနီးရှိ ချယ်ရီဝက်ဂွန်အငှားယာဉ်အား ငှားရမ်းစီးနင်းခဲ့ရာ ကမာရွတ်မြို့နယ်၊ စိုက်ပျိုးရေးမှတ်တိုင်အနီးအရောက်တွင် ကားစက်ပျက်သွား၍ ၎င်းတို့(၂)ဦးမှ ကားပေါ်မှဆင်းပြီး တွန်းပေးစဉ် ယာဉ်အား မောင်းနှင်ထွက်ပြေးသွားသဖြင့် ကမာရွတ်ရဲစခန်း(ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၁၇-၁-၂၀၁၃ ရက်နေ့ ၀၈၂၅ အချိန်တွင် ဒဂုံမြောက်မြို့နယ်နေ

သိုးကိုကိုမောင် ဆိုသူမှာ ယခင်က ချယ်ရီအ၀ါရောင်တက္ကစီယာဉ်အား မောင်းနှင်ပြီး ယခု ကျပ်သိန်း(၃၀၀)တန် ကားတစ်စီးအား ၀ယ်ယူထားသည်ကိုတွေ့ရကြောင်း သတင်းရရှိခဲ့သဖြင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ကမာရွတ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သွားရောက်စုံစမ်းခဲ့သည်။
ထိုသို့စုံစမ်းခဲ့ရာ သိုးကိုကိုမောင် ဆိုသူသည် ယခင်က ချယ်ရီအ၀ါရောင် တက္ကစီယာဉ်အား မောင်းနှင် ပြီး လွန်ခဲ့သော(၂)ရက်ခန့်က အာရာဖတ်အမျိုးအစား အဖြူရောင်ယာဉ်တစ်စီးအား ၀ယ်ယူထားသည်ကို တွေ့ရ ကြောင်း၊ ၎င်း၏ဇနီး မစန္ဒာဦး(၃၄)နှစ်သည် (၄၁)တိုးချဲ့ရပ်ကွက်၊ ဒဂုံမြို့နယ်တွင်နေသူဖြစ်ကြောင်း၊ ၁၇-၁-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန်တွင် သိုးကိုကိုမောင်သည် ဇနီး၊ ခယ်မတို့နှင့်အတူ ခရီးထွက်သွားကြောင်း၊ ၈-၁-၂၀၁၃ နှင့် ၉-၁-၂၀၁၃ ရက်နေ့များတွင် ရွှေနန်းတော်၊ အောင်သမာဓိ ရွှေဆိုင်များမှ လက်ဝတ်ရတနာ ကျပ်သိန်း(၇၀)ဖိုး ၀ယ်ယူထားကြောင်းနှင့် ၂၀-၁-၂၀၁၃ ရက်နေ့တွင် အိမ်ပြန်ရောက်မည်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်း၏ နေအိမ် အနီးတွင် စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ ၎င်းနေ့ ၁၁၀၅ အချိန်တွင် သိုးကိုကိုမောင်အား ၅င/xxxx အာရာဖတ် ခဲရောင်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
သိုးကိုကိုမောင်အားစစ်ဆေးရာ ယာဉ်ငှားရမ်းစီးနင်းသူ(၂)ဦးထံမှ ငွေကျပ်(၆၆၆)သိန်း ခိုးယူ ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပြီး ၎င်းငွေများဖြင့် ၀ယ်ယူထားသည့် ၅င/xxxx အာရာဖတ် ခဲရောင်ယာဉ်(၁)စီး၊ ၄ ကျပ် ၄ ပဲသားရှိ လက်ကောက်(၁၆)ကွင်း၊ ၂ ကျပ်သား ရွှေလက်စွပ်(၂)ကွင်း၊ ၃ ကျပ်သား ဆွဲကြိုးအကြီး ၁ ကုံး၊ ၁ ကျပ် ၈ ပဲသား ဟန်းချိန်း ၁ ခု၊ ၁ ကျပ် ၁၀ ပဲရှိ ရွှေဆွဲကြိုး ၁ ကုံး၊ ငွေစက္ကူရောရာကျပ်(၆၄)သိန်းတို့အား သိမ်းဆည်း ရမိခဲ့ပြီး သိုးကိုကိုမောင်နှင့် မစန္ဒာဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

by-ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...