ကော်နက် တီကပ် ပြည်နယ် နယူးတောင်းမြို့တွင် ကျောင်းတစ်ကျောင်း၌ အကြမ်းဖက် မှု ဖြစ်ပွားခြင်းမှာ ဆိုးရွားသော တိုက်ခိုက်မှု ဖြစ်သော်လည်း ရုပ်ရှင်လောက သားများက အက်ရှင် ဇာတ်ကား ရိုက်ပြခြင်းနှင့် မည်သို့မျှ သက် ဆိုင်ခြင်း မရှိကြောင်း ၎င်းက အခိုင်အမာ ငြင်းဆိုသည်။
အနုပညာ ရှင်များကို ချစ်ခင်သူ ပရိသတ်များ အနေဖြင့်လည်း ပြင်ပ လောကတွင် ဖြစ်ခဲ့သော
အကြမ်းဖက်မှု နှင့် ရုပ်ရှင် ဇာတ်ကားအကြား သက်ဆိုင်မှု မရှိခြင်းကို နားလည်ကြ စေလိုကြောင်း ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အာနိုးက USA Today သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ ဆုံ မေးမြန်းခန်း တစ်ခုတွင် ပြော ကြားလိုက်သည်။
Sandy Hook မူလတန်း ကျောင်းတွင် သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ဝ ဦး အသက် ဆုံးရှုံးရခြင်း အတွက် ၎င်းတို့၏ မိဘများနှင့် ထပ်တူ ခံစားရကြောင်း၊ ထိုလုပ်ရပ် သည် ကလေးသူငယ်များ အတွက် အလွန် ရက်စက်သော တိုက် ခိုက်မှုဖြစ်ကြောင်း၊ သို့သော် ထိုတိုက်ခိုက်မှုနှင့် အက်ရှင် ဇာတ်ကားများမှာ မည်သို့မျှ သက်ဆိုင်ခြင်း မရှိသည်ကို နားလည်ပေး စေလိုကြောင်း အာနိုးက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။
မြ၀တီ
No comments:
Post a Comment