ဧဒင်အချစ်ပုံပြင်: တင်ဇာမော်နှင့် အနုပညာရှင်များ ပါဝင်မည့် စုံတွဲသီချင်းများ သီးသန့် ဖျော်ဖြေပွဲ ပြုလုပ်မည်

Tuesday 29 January 2013

တင်ဇာမော်နှင့် အနုပညာရှင်များ ပါဝင်မည့် စုံတွဲသီချင်းများ သီးသန့် ဖျော်ဖြေပွဲ ပြုလုပ်မည်


Photo: တင်ဇာမော်နှင့် အနုပညာရှင်များ ပါဝင်မည့် စုံတွဲသီချင်းများ သီးသန့် ဖျော်ဖြေပွဲ ပြုလုပ်မည်
Tuesday, 29 January 2013 

အဆိုတော် တင်ဇာမော်နှင့် အနုပညာရှင်များ ပါဝင်မည့် စုံတွဲသီချင်းများ သီးသန့်ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုတော် တင်ဇာမော်သည် အဆိုပါ ဖျော်ဖြေပွဲတွင် ပါဝင်သီဆိုနိုင်ရန် အတွက် ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ခေတ္တ အလည်အပတ် ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သိရှိရသည်။

"တင်ဇာနှစ်တိုင်းလိုလို မြန်မာနိုင်ငံကို ပြန်လာဖြစ်ပါတယ်။ ဒီအခါမှာ ချစ်သော ပရိသတ်များနဲ့ တွေ့ဆုံခွင့်ရဖို့အတွက် သီချင်းဆိုဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြားအနေနဲ့ ချစ်သူများနေ့ အမှတ်တရ
လေးလည်း ဖြစ်အောင် စုံတွဲသီချင်းတွေချည်း သီးသန့်ဖျော်ဖြေမယ့်
ဖျော်ဖြေပွဲလေး လုပ်ဖို့ စိတ်ကူးထားပါတယ်။ တင်ဇာမှာလည်း စုံတွဲသီချင်းဆိုထားတာတွေ အများအပြား ရှိတဲ့အတွက် အခုလိုလေး ဆိုရမယ်ဆိုတော့ မှတ်မှတ်ရရ ဖြစ်တာပေါ့လေ။ ဂီတမောင်နှမတွေနဲ့
ပျော်ပျော်ပါးပါး သီဆိုခွင့်ရမှာဆိုတော့ ပျော်လည်းပျော်ပါတယ်" ဟု အဆိုတော် တင်ဇာမော်က ရှင်းပြခဲ့ပါသည်။

တင်ဇာမော်နှင့် စုံတွဲတေးသီိချင်းများ ဖျော်ဖြေပွဲကို စီစဉ်သူ ဦးပီးပေါ်ကလည်း "အရင်နှစ်ကလည်း တင်ဇာမော်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပါတယ်။ အခုနှစ်လည်း သူပြန်လာမယ် ပြောတဲ့အခါ တစ်ကိုယ်တော် ဖျော်ဖြေပွဲဆိုတာထက် စုံတွဲသီချင်းလေးတွေ သီးသန့်ဆိုတာမျိုးဆို ပရိသတ်အတွက်လည်း အရသာအသစ်တစ်မျိုး ဖြစ်နိုင်မယ်။ ဖေဖော်ဝါရီ လထဲမှာ ချစ်သူများနေ့လည်း ရှိနေတော့ ပိုပြီးအမှတ်တရလည်း ဖြစ်နိုင်တယ်ဆိုပြီး အခုလို စီစဉ်ဖြစ်သွားတာပါ။ လာကြည့်တဲ့ ပရိသတ်တွေ ကြည့်ရကျိုးနပ်စေမယ့် ဖျော်ဖြေပွဲလေးဖြစ်အောင် စီစဉ်ထားပါတယ်" ဟု ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ရှင်းပြခဲ့ပါသည်။

အဆိုတော် တင်ဇာမော်နှင့် စုံတွဲသီချင်းများ သီးသန့်ဖျော်ဖြေပွဲတွင် 
ပါဝင်မည့် အဆိုရှင်များ၏ အမည်စာရင်းများကို ထပ်မံကြေညာ
ပေးသွားမည်ဖြစ်သည်ဟု သိရှိရသည်။ တင်ဇာမော်နှင့် စုံတွဲသီချင်းများ သီးသန့်ဖျော်ဖြေပွဲတွင် Plus 3 Band မှ တီးခတ်ပေးသွားမည်ဟု သိရှိရသည်။

Eleven Media Groupအဆိုတော် တင်ဇာမော်နှင့် အနုပညာရှင်များ ပါဝင်မည့် စုံတွဲသီချင်းများ သီးသန့်ဖျော်ဖြေပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုတော် တင်ဇာမော်သည် အဆိုပါ ဖျော်ဖြေပွဲတွင် ပါဝင်သီဆိုနိုင်ရန် အတွက် ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ခေတ္တ အလည်အပတ် ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သိရှိရသည်။

"တင်ဇာနှစ်တိုင်းလိုလို မြန်မာနိုင်ငံကို ပြန်လာဖြစ်ပါတယ်။ ဒီအခါမှာ ချစ်သော ပရိသတ်များနဲ့ တွေ့ဆုံခွင့်ရဖို့အတွက် သီချင်းဆိုဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ထူးထူးခြားခြားအနေနဲ့ ချစ်သူများနေ့ အမှတ်တရ
လေးလည်း ဖြစ်အောင် စုံတွဲသီချင်းတွေချည်း သီးသန့်ဖျော်ဖြေမယ့်
ဖျော်ဖြေပွဲလေး လုပ်ဖို့ စိတ်ကူးထားပါတယ်။ တင်ဇာမှာလည်း စုံတွဲသီချင်းဆိုထားတာတွေ အများအပြား ရှိတဲ့အတွက် အခုလိုလေး ဆိုရမယ်ဆိုတော့ မှတ်မှတ်ရရ ဖြစ်တာပေါ့လေ။ ဂီတမောင်နှမတွေနဲ့
ပျော်ပျော်ပါးပါး သီဆိုခွင့်ရမှာဆိုတော့ ပျော်လည်းပျော်ပါတယ်" ဟု အဆိုတော် တင်ဇာမော်က ရှင်းပြခဲ့ပါသည်။

တင်ဇာမော်နှင့် စုံတွဲတေးသီိချင်းများ ဖျော်ဖြေပွဲကို စီစဉ်သူ ဦးပီးပေါ်ကလည်း "အရင်နှစ်ကလည်း တင်ဇာမော်ရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ပါတယ်။ အခုနှစ်လည်း သူပြန်လာမယ် ပြောတဲ့အခါ တစ်ကိုယ်တော် ဖျော်ဖြေပွဲဆိုတာထက် စုံတွဲသီချင်းလေးတွေ သီးသန့်ဆိုတာမျိုးဆို ပရိသတ်အတွက်လည်း အရသာအသစ်တစ်မျိုး ဖြစ်နိုင်မယ်။ ဖေဖော်ဝါရီ လထဲမှာ ချစ်သူများနေ့လည်း ရှိနေတော့ ပိုပြီးအမှတ်တရလည်း ဖြစ်နိုင်တယ်ဆိုပြီး အခုလို စီစဉ်ဖြစ်သွားတာပါ။ လာကြည့်တဲ့ ပရိသတ်တွေ ကြည့်ရကျိုးနပ်စေမယ့် ဖျော်ဖြေပွဲလေးဖြစ်အောင် စီစဉ်ထားပါတယ်" ဟု ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ရှင်းပြခဲ့ပါသည်။

အဆိုတော် တင်ဇာမော်နှင့် စုံတွဲသီချင်းများ သီးသန့်ဖျော်ဖြေပွဲတွင်
ပါဝင်မည့် အဆိုရှင်များ၏ အမည်စာရင်းများကို ထပ်မံကြေညာ
ပေးသွားမည်ဖြစ်သည်ဟု သိရှိရသည်။ တင်ဇာမော်နှင့် စုံတွဲသီချင်းများ သီးသန့်ဖျော်ဖြေပွဲတွင် Plus 3 Band မှ တီးခတ်ပေးသွားမည်ဟု သိရှိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...