ဧဒင်အချစ်ပုံပြင်: တူမီးသေနတ် ကျည်ပေါက်ထွက်မှုကြောင့် ဒဏ်ရာရ

Tuesday 29 January 2013

တူမီးသေနတ် ကျည်ပေါက်ထွက်မှုကြောင့် ဒဏ်ရာရ


၂၆-၁-၂၀၁၃ ရက်နေ့ ၀၄၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဇလုပ်ကြီးကျေးရွာနေ အောင်သန်းထွဋ်(၃၀)နှစ်ပါ ၃ ဦးသည် အရှေ့တောင်ပေါ်သို့ သစ်ခုတ်ရန်သွားရောက်စဉ် ၂၇-၁-၂၀၁၃ ရက်နေ့ ၁၅၀၀ အချိန် ရွှေကျင်မြို့နယ်နှင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အစပ် ဒေသအခေါ် ကျောက်လုံးကြီးတောတွင်း အရောက်တွင် သန်းလွင်(၃၀)နှစ်၏ တူမီးသေနတ်မှာ ခြုံနွယ်နှင့်ငြိ၍ ကျည်ပေါက်ထွက်ကာ ရှေ့မှသွားနေသည့် အောင်သန်းထွဋ်၏ကျောပြင်ဝဲဘက်အား ထိမှန်၍ ဒဏ်ရာ(၁)ချက်ရရှိခဲ့သည်။

ဒဏ်ရာရရှိသူ အောင်သန်းထွဋ်အား ဇလုပ်ကြီးကျေးရွာသို့ ပြန်လည်သယ်ဆောင်ခဲ့ပြီး ၂၃၀၀ အချိန် ကွင်းဆိပ်ရဲစခန်းသို့ လာရောက်သတင်းပို့ကာ ဒုံကရစ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ၂၈-၁-၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် ကွင်းဆိပ်ရဲစခန်း(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...